Main menu

ဘားအံမြို့ဒေသထွက် ကင်ပွန်းချဉ်ရွက် ဈေးနှုန်း

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ ဩဂုတ် ဒုတိယပတ်တွင်  ကရင်ပြည်နယ်၊ ဘားအံမြို့ ဈေးကွက်အတွင်  နွေရာသီပေါ်ဟင်းသီးဟင်းရွက်ဖြစ်သည့် ကင်ပွန်းချဉ်ရွက်များလှိုင်လှိုင်ပေါ်ပြီး ဈေးနှုန်းကောင်း လျှက် ရှိကြောင်းသိရသည်။ ကင်ပွန်းချဉ်ရွက်ကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် တစ်နိုင် တစ်ပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ကင်ပွန်းချဉ်ရွက်ကို (ပတက်စာ) နဲ့ချည်ရည်ဟင်းချိုကျဲကျဲ အရည်သောက်ပဲချက်ချက်၊ ငါးလေးနဲ့ပဲချက်ချက်၊ ပုစွန်စိတ်ကလေးနဲ့ ပဲကြော်စားစား ထမင်းမိန်ကာစားလို့ကောင်းရုံတာမက ကျန်းမာရေးကိုလည်း အထောက်အကူပြု ပေးနိုင်ပါသည်။ ကင်ပွန်းချဉ်ရွက်ကို အစည်းလိုက်ရောင်းချကြရာ ကင်ပွန်ချဉ်ရွက် အစည်းသေး  တစ်စည်း(၅၀၀)ကျပ်၊ နှင့် အစည်းကြီးတစ်စည်း (၁၅၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ပြီး ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်း ပြောင်းလဲမှုမရှိပဲ ဈေးနှုန်းတည်ငြိမ် နေကြောင်း သိရှိရပါသည်။

DOCA(ကရင်)