Main menu

ကရင်ပြည်နယ်ဒေသထွက် မကျည်းမှည့်(အသစ်)ဈေးနှုန်း

Powered by Drupal

  ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်တွင်  ကရင်ပြည်နယ် ဘားအံမြို့ ပေါ်ဈေးသို့ မကျည်းမှည့်အသစ်များ  ဝင်ရောက်လျက်ရှိပြီး မကျည်းမှည့် အသစ်တစ်ပိဿာလျှင် (၇၀၀၀)ကျပ် ၊မကျည်းမှည့်အဟောင်း ၁ ပိဿာလျှင်(၄၀၀၀) ကျပ်၊ နှင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဟောင်းနှင့်အသစ် ၁ ပိဿာလျှင် ၃၀၀၀ ကျပ်ခန့် ဈေးကွာဟ ကြောင်းသိရသည်။ ဈေးနှုန်း နှိုင်းယှဉ်ချက်များအရ မကျည်းမှည့် ဈေးနှုန်းများမှာ ယခင်နှစ်တွင် အသစ်ဈေး ၁ ပိဿာလျှင် ၆၀၀၀ကျပ်၊ အဟောင်းဈေး ၁ ပိဿာလျှင် ၃၅၀၀ ကျပ်၊ ဖြစ်သောကြောင့် တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)