Main menu

ပြည်ခရိုင်အတွင်းရှိလုပ်ငန်းရှင်များ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာဖော်ပြမှုရှိစေရေး ရှင်းလင်းဆွေးနွေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖေ်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း ပြည်မြို့၊ မြို့သစ်ဈေးရှေ့၊ ဦးသိန်းဇော်ဦး၏ KTT ဆန်ရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း၊ အမှတ်(၅) အ.ထ.ကကျောင်းရှေ့ရှိ ထိပ်တန်းဆန်ဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့၊ ရန်ကုန်-ပြည်လမ်း၊ ကြာနီကန်ရပ်ကွက်ရှိ ဦးမောင်ဌေး၏ ချမ်းသာဆန်စက်သို့လည်းကောင်း၊ နှပ်တန်းလမ်း၊ သရက်တောရပ်ကွက်ရှိ ဦးနေဝင်း၏ နေဝင်းသူရိန်ယိုစုံလုပ်ငန်းသို့လည်းကောင်း၊ ပန်းတောင်းမြို့၊ ဥသျှစ်ပင်ဒေရှိ ဦးအောင်နိုင်ဖြူ၏ သန်းကြွယ်ဆန်ရောင်းဝယ်ရေးလုပ်ငန်း၊ ဒေါ်ဇာကြည်စိုး၏ တက်သစ်စဆန်စက်၊ ဒေါ်သန္တာ၏ ခိုင်ရွှေဝါဆန်ရောင်းဝယ်ရေးနှင့် ဒေါ်မမကြီး၏ ထွန်းတောက်ဆန်ရောင်းဝယ်ရေးသို့လည်းကောင်း၊ ဆင်တဲအုပ်စု၊ နဝဒေးတံတားထိပ်ရှိ ဦးတူးနိုင်၏ ထိပ်တန်းစက်သုံးဆီဆိုင်သို့လည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် သွားရောက်၍ လုပ်ငန်းရှင်များအား မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသောကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချင်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက် ဖေ်ပြရမည့်ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖေ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)