Main menu

ပြည်ကုန်စည်ဒိုင်ပဲဈေးကွက်ဈေးနှုန်းအခြေအနေ

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ရှိ ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော မတ်ပဲသီးနှံဈေးမှာ ဖေဖော်ဝါရီနောက်ဆုံးပတ်တွင် ပိဿာ(၂၀)ဝင် ပဲတစ်တင်းကို ၄၁၇၀၀-၄၂၅၀၀-၄၂၇၀၀ ကျပ်ဈေးဖြင့် တစ်ရက်ကို အိတ် ၂၀၀/၃၀၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပြီး မတ်လအစတွင် ပဲတစ်တင်းကို ၄၄၀၀၀-၄၄၂၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိခဲ့၍ လှောင်သမားများလည်း အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်ဈေးမှာ မြင့်လာခဲ့ပြီး ပဲတစ်တင်းလျှင် ၄၅၀၀၀-၄၆၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး တစ်ရက်လျှင်အိတ် ၂၅၀/၃၀၀ခန့် ရန်ကုန်တင်ပို့မှု့ရှိခဲ့ပါသည်။ တတိယပတ်တွင် ပဲတစ်တင်းလျှင် ၄၅၅၀၀-၄၆၇၀၀ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

          ပဲစင်းငုံသီးနှံဈေးမှာ မတ်လပထမပတ်တွင် ပဲတစ်တင်းလျှင် ၄၃၈၀၀-၄၄၀၀၀ ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် ဝယ်ယူမှုရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ၄၄၀၀၀-၄၄၅၀၀ကျပ်ဖြစ်ခဲ့ပြီး ပဲစင်းငုံအဝယ်လိုက်၍ အိတ် ၄၀၀-၅၀၀ခန့် အဝယ်ရှိပြီး လှောင်သမားနှင့်ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ တတိယပတ်တွင် ပဲတစ်တင်းဈေးမှာ ၄၄၀၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

          ကုလားပဲသီးနှံအနေဖြင့် မတ်လပထမပတ်တွင် ပဲတစ်တင်းလျှင် ၄၁၅၀၀-၄၂၅၀၀ကျပ် ဈေးဖြင့် အရောင်းအဝယ်ရှိပြီး တတိယပတ်တွင် ပဲတစ်တင်းလျှင် ၄၄၀၀၀-၄၅၀၀၀-၄၆၀၀၀-၄၆၅၀၀ကျပ်ထိ ဈေးမြင့်လာခဲ့ပြီး လှောင်သမားများရန်ကုန်ဝယ်လက်များနှင့် ခွဲစက်သမားများ အဝယ်ရှိခဲ့ပြီး တစ်ရက်လျှင် အိတ် ၄၀၀/၄၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ တတိယပတ်တွင် ၄၄၀၀၀ကျပ်ဖြင့် ရန်ကုန်ဝယ်လက်နှင့် ပဲခွဲကြမ်းများကို နယ်စုံသို့ တင်ပို့ရောင်းချခဲ့ပါသည်။

          ပဲကြီး(ရွှေကျွန်း)ဈေးမှာ ယခင်အပတ်က ပဲတစ်တင်းကို ၅၂၀၀၀-၅၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ယခုတစ်ပတ်တွင် ၆၃၀၀၀-၆၄၀၀၀-၆၅၀၀၀ကျပ်၊ ပဲကြီး (ကမ်းနား)တစ်တင်းကို ၆၀၀၀၀-၆၂၀၀၀ကျပ်ဈေးထိမြင့်လာခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာ တစ်ရက်လျှင်အိတ် ၇၀၀/ ၈၀၀ခန့် ပဲကြော်သမားနှင့် ရန်ကုန်အဝယ်ရှိကြောင်း သိရပါသည်။

          ယခုနှစ်အနေဖြင့် ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံဈေးကွက်ဈေးနှုန်းအခြေအနေမှာ ကောင်းမွန်လျှက်ရှိပြီး ဈေးနှုန်းအနေဖြင့်လည်း ယခင်နှစ်ကထက် ပိုမိုရရှိသည့်အတွက် စိုက်ပျိုးထုတ်လုပ်သူတောင်သူများအနေဖြင့်လည်း ယခုနှစ်သွင်းအားစုများ ဈေးမြင့်ခဲ့သော်လည်း ပဲဈေးများ ဈေးကောင်းရရှိသည့်အတွက် အကျိုးအမြတ်ရရှိလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)