Main menu

နီပေါနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပထမဆုံးအကြိမ် အသားတင်လျှပ်စစ်ဓာတ်အားတင်ပို့ရောင်းချသူဖြစ်လာ

Powered by Drupal

       နီပေါလျှပ်စစ်အာဏာပိုင်အဖွဲ့ (NEA) ၏အဆိုအရ နီပေါ်နိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယသို့ ၁၆.၉၃ဘီလီယ့တန်ဖိုးရှိ လျှပ်စစ်ဓါတ်အားတင်ပို့ခဲ့သည်။ အခြားတစ်ဖက် တွင် တောင်ပိုင်းအိမ်နီးချင်းနိုင်ငံမှ လျှပ်စစ်ဓါတ်အားဝယ်ယူတင်သွင်းရန် Rs ၁၆.၈၁ဘီလီယံသုံးစွဲခဲ့သည်။ ထို့ကြောင့် NEA သည် ထိုသို့လျှပ်စစ်ဓါတ်အားအရောင်းအဝယ်ပြုလုပ်ခြင်းမှ Rs သန်း၁၂၀ကျော်အသားတင်ရရှိခဲ့သည်။

      NEA ၏ မန်နေဂျင်းဒါရိုက်တာ Kulman Ghising မှ ပုဂ္ဂလိကကဏ္ဍမှ ထုတ်လုပ်သောလျှပ်စစ်ဓာတ်အားပံ့ပိုးမှုသည် လျှပ်စစ်ဓါတ်အား ပြည်ပသို့တင်ပို့မှုကို သိသိသာသာတိုးတက် လာစေကြောင်းပြောကြားခဲ့သည်။ လွန်ခဲ့သော ၆နှစ်၊ ၇နှစ်အထိ လျှပ်စစ်ဓါတ်အားကို ပြည်ပနိုင်ငံများမှ ဝယ်ယူတင်သွင်းခဲ့ရသော နီပေါနိုင်ငံအတွက် အထင်ကရအောင်မြင်မှုတစ်ခုဖြစ်ပြီး ယခုအချိန်တွင် လျှပ်စစ်ဓါတ်အား အသားတင်တင်ပို့နိုင်သော နိုင်ငံဖြစ်လာခဲ့ကြောင်း Ghising ကပြောကြားခဲ့သည်။

         NEA သည် ၂၀၂၁ခုနှစ်၊ မေလ ၁ရက်နေ့တွင် အိန္ဒိယစွမ်းအင်ဖလှယ်မှု၏ Day Ahead ဈေးကွက်သို့ ပထမသုံးကြိမ်ဝင်ရောက်ခဲ့သည်။ လက်ရှိတွင် ရေအားလျှပ်စစ်စီမံကိန်း ၁၆ခုမှ ထုတ်လုပ်သော လျှပ်စစ်ဓါတ်အား ၆၉၀မဂ္ဂါဝပ်ကို ကာလလတ်နေ့ကြိုနှင့် အချိန်နှင့်တပြေးညီ ရောင်းချပေးလျက်ရှိသည်။ ကာလလတ်သဘောတူညီချက်အရ ၎င်းတို့သည် အိန္ဒိယ၏ နောက်ထပ်မဂ္ဂါဝပ်၄၀၀ထပ်မံတင်ပို့ရန် ခွင့်ပြုမိန့်ကိုလက်ခံရရှိထားကြောင်း Ghising က ဖြေကြားခဲ့သည်။ နီပေါသည် ၎င်း၏ပိုလျှံလျှပ်စစ်ဓါတ်အားကို ဇွန်လမှ နိုဝင်ဘာလအထိ ထုတ်လုပ်မှုအမြင့်ဆုံးရာသီတွင် အိန္ဒိယသို့တင်ပို့လျက်ရှိသည်။

      ပြန်လည်သုံးသပ်သည့်ကာလတွင် ပုဂ္ဂလိကရေအားလျှပ်စစ်စက်ရုံများတွင် နည်းပညာပိုင်းဆိုင်ရာ ပြဿနာတချို့ပြန့်ပွားခဲ့သော်လည်း အဆိုပါကာလအတွင်း လျှပ်စစ်ဓါတ်အား ဖြုန်းတီးမှုအများအပြားမရှိကြောင်း Ghising ကဆိုသည်။

         နီပေါသည် လာမည့် ၁၀နှစ်အတွင်း လျှပ်စစ်ဓါတ်အား ၁၀၀၀၀မဂ္ဂါဝပ်ရောင်းချရန် အိန္ဒိယနှင့် သဘောတူလက်မှတ်ရေးထိုးထားသည့် လာမည့်နှစ်အနည်းငယ်အတွက် ဆောင်းရာသီ၌ ပြတ်တောက်မှုတချို့ရှိနိုင်သော်လည်း လျှပ်စစ်ဓါတ်အားတင်ပို့မှုပမာဏအားဖြင့် တိုးလာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

        NEA ၏အဆိုအရ နီပေါသည် အိန္ဒိယမှ လျှပ်စစ်ဓါတ်အားတင်သွင်းရန် ရူပီး ၂၃ဘီလီယံအထိသုံးစွဲခဲ့ဖူးသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံ၏အသုံးစရိတ်သည် ရူပီး ၁၉.၄၄ဘီလီယံ အထိကျဆင်းခဲ့ပြီး တောင်ပိုင်းအိမ်နီးချင်းနိုင်ငံသို့ လျှပ်စစ်ဓါတ်အားတင်ပို့ဖြင်းဖြင့် ရူပီး ၁၀.၄၅ဘီလီယံပြန်လည်ရရှိခဲ့ကြောင်းသိရသည်။

          Source : myrepublica nagariknetwmk

DOCA(ရန်ကုန်)