Main menu

“ သုံးခွမြို့နယ် စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ သန်လျင်-သုံးခွ ကားလမ်းမကြီး ဘေးဝဲယာရပ်ကွက်ကျေးရွာများတွင် ရောင်းချဖြန့်ဖြူးပေးလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍  စက်သုံးဆီရောင်းချနေမှုအခြေအနေအား ဩဂုတ်လ(၁)ရက်နေ့၊ နေ့လယ်(၁၂း၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် သုံးခွမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများပူးပေါင်းအဖွဲ့သည် သန်လျင်-သုံးခွကားလမ်းမကြီးဘေး ဝဲယာ(၅)ရပ်ကွက် အောင်ဇေယျလမ်းရှိ Apex (ရတနာ)စက်သုံးဆီဆိုင်၊ သုံးခွအနောက်ကျေးရွာရှိ SKT (ဆိပ်ကမ်းသာ) စက်သုံးဆီဆိုင်၊ တိုက်တူးကန်ကျေးရွာရှိ Galaxy စက်သုံးဆီဆိုင်တို့တွင် ယာဉ်များတန်းစီစောင့်ဆိုင်းဝယ်ယူနေရခြင်းရှိ/မရှိ၊ ခွဲတမ်းအချိုးကျစနစ်ဖြင့် ရောင်းချနေခြင်းရှိ/မရှိ၊ ကန့်သတ်ချက်ဖြင့် အပြည့်အဝဖြန့်ဖြူးရောင်းချပေးခြင်းရှိ/မရှိသွားရောက်မေးမြန်းစုံစမ်းခဲ့ရာ စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူများက မိမိတို့၏စက်သုံးဆီဆိုင်များတွင် သတ်မှတ်ထားသည့်ခွဲတမ်းများကို အချိန်မီထုတ်ယူရရှိသဖြင့် မည်သည့်စက်သုံးဆီအမျိုးအစားကိုမဆို အပြည့်အဝဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ယာဉ်များတန်းစီတိုး၍ ဝယ်ယူနေရသည့်အခြေအနေများမရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး မြို့နယ်စက်သုံးဆီစိစစ်ရေးအဖွဲ့မှ ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့၏စက်သုံးဆီသိုလှောင်ကန်များတွင် စက်သုံးဆီရှိပါလျက် စက်သုံးဆီဖြန့်ဖြူးရောင်းချပေးခြင်းများမရှိပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)