Main menu

မော်လမြိုင်မြို့နယ်တာဝန်ခံသည် “စိန်” စားသောက်ဆိုင်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ အခက်အခဲများအား ဖြေရှင်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ (၇-၈-၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် ပြည်နယ်ဦးစီးမှူးရုံး၌ “စိန်” စားသောက်ဆိုင်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့သည်။

        ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မော်လမြိုင်မြို့နယ်တာဝန်ခံက တစ်နေ့ရောင်းအား၊ လုပ်သားအခြေအနေ၊ အခက်အခဲများအားဆွေးနွေးမေးမြန်းရာ လုပ်ငန်းရှင်က တစ်နေ့ရောင်းအားမှာ ပျမ်းမျှအားဖြင့် (၅) သိန်းကျပ်ခန့်ရှိကြောင်း၊ လုပ်သား (၅) ဦးအား အလုပ်အကိုင်ဖန်တီးပေးနိုင ကြောင်း၊ အခက်အခဲအနေဖြင့် စားသုံးဆီဈေးနှုန်းမြှင့်တက်လျက်ရှိသဖြင့် သက်သာသောဈေးနှုန်းဖြင့် လုပ်ငန်းသုံးဆီဝယ်ယူခွင့်ရရှိရေး ကူညီဆောင်ရွက်ပေးရန် ပြန်လည်ဆွေးနွေးခဲ့သည်။ ထို့နောက် မော်လမြိုင်မြို့နယ်တာဝန်ခံက လုပ်ငန်းသုံးဆီလျှောက်ထားရန် လိုအပ်သောစာရွက်စာတမ်းများ ပူးတွဲတင်ပြလျှောက်ထားလာပါက ပြည်နယ်ဦးစီးမှူးထံသို့ ဆက်လက်တင်ပြပြီး ဆီအသင်းနှင့်ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(မွန်)