
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ စားအုန်းဆီဖြန့်ခွဲမှုအစည်းအဝေးကို ဩဂုတ်လ ၇ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင်ပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးတိုင်းဦးစီးမှူးက Vitural စနစ်ဖြင့်တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် စားအုန်းဆီဖြန့်ခွဲမှုအခြေအနေများကို ရုံးချုပ်သို့တင်ပြရမည်ဖြစ်ပြီး စားအုန်းဆီဝယ်ယူရာတွင် တန်းစီနေရမှုပပျောက်စေရေးအတွက် စာအုပ်များဖြင့်ထုတ်ယူနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လူဦးရေများသော တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များကို စားအုန်းဆီပိုမိုရရှိရေးအတွက် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးထံသို့ တင်ပြရမည်ဖြစ်သည်ဟု ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)