Main menu

တပင်လုံးအသုံးဝင်သော ငှက်ပျောစိုက်ပျိုးကြသည့် မအူပင်ငှက်ပျောဈေးကွက်

Powered by Drupal

       ငှက်ပျောစိုက်ပျိုးရာတွင် အရင်းအနှီးများသော်လည်း အမြတ်များများကျန်ပြီး တွက်ခြေကိုက်သဖြင့်  စီးပွားဖြစ်စိုက်ပျိုးသူများလာကြောင်း မအူပင်အိုင်ဝိုင်းကျေးရွာဘက်မှ ငှက်ပျောစိုက်တောင်သူများထံမှသိရသည်။

       ငှက်ပျောစိုက်ပျိုးရာတွင် ငှက်ပျောစို့ (ခေါ်) ငှက်ပျောပင်ပေါက်ကလေးများကို တစ်ပင်လျှင် (၁၀၀၀/၁၃၀၀/၁၅၀၀) ကျပ်ဈေးဖြင့် ဝယ်ယူစိုက်ပျိုးရပြီး တစ်ပင်နှင့် တစ်ပင်အကြား လေးပေခြား၍ စိုက်ပျိုးကာ ကိုးလ၊ ဆယ်လအကြာတွင် ငှက်ပျောဖူးများထွက်ရှိကြောင်း၊ ငှက်ပျောဖူးထွက်ပြီး သုံးလပြည့်လျှင် ရောင်းတန်းဝင် ငှက်ပျောခိုင်တစ်ခိုင်ကိုရရှိကာ ငှက်ပျောခိုင်တစ်ခိုင်လျှင် ၈ဖီးမှ အပင်ကောင်းလျှင် ၁၂ဖီးအထိတင်ပြီး ဖီးကြမ်း/သီးမွှေးတစ်ဖီးကို ဖောက်သည်ဈေး ၁၂၀၀ကျပ်နှင့် ရခိုင်တစ်ဖီးလျှင် ၈၀၀ကျပ်ရှိကြောင်းလည်းသိရသည်။ ဈေးကွက်အနေဖြင့် မအူပင်မြို့တွင်လည်းရောင်းချကြပြီး ရန်ကုန်သီရိမင်္ဂလာဈေး၊ ဘားခရာ။ ကြီးမြင်တိုင်ဈေးသို့ တင်ပို့ရကြောင်းသိရသည်။

       ကဆုန်လနှင့် နယုန်လတို့တွင် ငှက်ပျောကိုစတင်စိုက်ပျိုးပြီး တန်ခူးလတွင် ငှက်ပျောခုတ်ကာ ရောင်းတန်းထွက်ရှိပြီး  ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မအူပင်ခရိုင်အနေဖြင့် ၁၀၂၇၆ဧကစိုက်ပျိုးပြီး ၁၁၀၇ဧကရိတ်သိမ်း၍ ၂၁၈၂၀၂၃ခိုင်ထွက်ရှိကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်အတွက်လည်း ၁၀၂၇၆လျာထားစိုက်ပျိုးထားကြောင်း မြို့နယ်စာရင်းများအရသိရပါသည်။

DOCA(ဧရာဝတီ)