Main menu

ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ်မျှစ်များ ဈေးကောင်းရနေ

Powered by Drupal

   ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့တွင် ဒေသထွက် ရာသီစာမျှစ်များကို စတင်ရောင်းချလျက်ရှိပြီး လက်လုပ်လက်စား အလုပ်သမားများ၏ မိသားစုနေစားဝတ်ရေးကို မျှစ်ချိုးခြင်းလုပ်ငန်းဖြင့် အပိုဝင်ငွေ ရရှိနေကြောင်း သိရှိရပါသည်။

     မျှစ်ကိုလူအများ ကြိုက်နှစ်သက်ကြပြီး အရန်ဟင်း တစ်မျိုးအဖြစ် မျှစ်ကို ချက်၍သော်လည်းကောင်း၊ သုပ်၍သော်လည်းကောင်း၊ ဆန်လှော်နှင့် ဟင်းခါးချက်၍ သော်လည်းကောင်း၊ မျှစ်ပြုတ်ကို ငပိရည်နှင့် တို့၍သော်လည်းကောင်း  စားသုံးကြသည်။

    မျှစ်ကို မိုးရာသီအစပိုင်း ဇွန်လတွင် ဈေးကွက်အတွင်းသို့ စတင်ရောက်ရှိလာပြီး ကန့်ဘလူမြို့ နယ်တစ်ဝိုက်ရှိ ကျေးရွာများမှ လာရောက်ရောင်းချလျက်ရှိပါကြောင်း၊ မျှစ်ဈေးနှုန်းများအနေဖြင့် ဇူလိုင်လတွင်  မျှစ်တစ်ပိဿာလျှင်(၅၀၀၀/၅၅၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချရပြီး ယခင်နှစ်မှ လက်ကျန် မျှစ်များကို မျှစ်ချိုအဖြစ် ဆားသိပ်ထားသော မျှစ်တစ်ပိဿာဈေးနှုန်းမှာ(၃၀၀၀)ကျပ် ဖြင့် ရောင်းချလျက် ရှိပါကြောင်း၊ ယခု ဩဂုတ်လ ပထမပတ်တွင် မျှစ်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)