Main menu

မွန်ပြည်နယ်အတွင်းသို့ စားဖိုဆောင်သီးနှံများ ဝင်ရောက်မှုနှင့် ဈေးနှုန်းအခြေအနေ

Powered by Drupal

   မွန်ပြည်နယ်အတွင်းသို့ အထက်အညာဒေသမှ စားဖိုဆောင်သီးနှံများ ဝင်ရောက်လျက်ရှိရာ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ ဩဂုတ်လ ၄ ရက်နေ့အထိ မော်လမြိုင်၊ ရတနာထွန်းပွဲရုံတန်းသို့ စားဖိုဆောင်သီးနှံများ ဝင်ရောက်မှုအခြေအနေမှာ ငရုတ်သီးခြောက် (၂၀၀၀၀၀) ပိဿာ၊ ကြက်သွန်နီ (၁၉၇၇၅၀) ပိဿာ၊ ကြက်သွန်ဖြူ (၃၀၄၅) ပိဿာ ဝင်ရောက်ခဲ့သည်။ အဆိုပါသီးနှံများအနက် ကြက်သွန်နီမှာ (မြင်းခြံ၊ တောင်သာ၊ မလှိုင်) ဒေသမှလည်းကောင်း၊ ကြက်သွန်ဖြူမှာ (အောင်ပန်း၊ မိတ္ထီလာ၊ ရမည်းသင်း) ဒေသမှလည်းကောင်း၊ ငရုတ်သီးခြောက်မှာ (ကျောက်ဆည်) ဒေသမှလည်းကောင်း ဝင်ရောက်ကြောင်း သိရှိရသည်။

     ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ လဆန်းပိုင်းတွင် ကြက်သွန်နီ ဈေးနှုန်း အခြေအနေမှာ မလှိုင်ကြက်သွန်နီ(အကြီး) တစ်ပိဿာလျှင် ကျပ် ၂၂၀၀၊ မလှိုင်ကြက်သွန်နီ (အလတ်)တစ်ပိဿာလျှင် ကျပ် ၂၁၀၀၊ မလှိုင်ကြက်သွန်နီ (အငယ်) တစ်ပိဿာလျှင် ကျပ်၁၇၀၀၊ မုံရွာကြက်သွန်နီ(အကြီး)တစ်ပိဿာလျှင် ကျပ်၂၃၀၀၊ မုံရွာ ကြက်သွန်နီ (အလတ်) တစ်ပိဿာလျှင် ကျပ် ၂၂၀၀၊ မုံရွာကြက်သွန်နီ (အငယ်) တစ်ပိဿာလျှင် ကျပ်၁၈၀၀ ဖြစ်ပြီး၊ ကြူကုတ် တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀၊ ထူးလေး တစ်ပိဿာလျှင် ကျပ် ၁၁၀၀၀ ဖြစ်ပြီး၊ ငရုတ်သီးခြောက်(အရှည်) တစ်ပိဿာလျှင် ကျပ် ၆၅၀၀၊ ငရုတ်သီးခြောက် (မိုးထောင်) တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ ဖြစ်ကြောင်း သိရှိရသည်။

DOCA(မွန်)