Main menu

အပူလှိုင်းဒဏ်ကြောင့် ယူကရိန်း၌ ပြောင်းတန်ချိန် ၆ သန်းခန့် လျော့နည်းထွက်ရှိနိုင်

Powered by Drupal

     ယူကရိန်းနိုင်ငံ၏ နယ်မြေဒေသများစွာ၌ ဇူလိုင်လအတွင်း စံချိန်တင်မြင့်မားသည့် အပူ လှိုင်းကျရောက်ခဲ့ရာ ၂၀၂၄ ခုနှစ်အတွက် အစေ့ထုတ်ပြောင်း ရိတ်သိမ်းထွက်ရှိမှုမှာ တန်ချိန် ၆ သန်းခန့် လျော့နည်းဖွယ်ရှိသည်ဟု ယူကရိန်း သီးနှံထုတ်လုပ်သူများသမဂ္ဂက ဩဂုတ်လ ပထမ သီတင်းပတ်ကုန်ပိုင်းတွင် ပြောကြားခဲ့သည်။

     ယူကရိန်းနိုင်ငံ၏ အဓိက လယ်ယာစိုက်ပျိုးထုတ်လုပ်သူများ ကောင်စီဖြစ်သော Ukrainian Agrarian Council မှ ဒုတိယအကြီးအကဲ Denys Marchuk က ရာသီဥတု ဆိုးရွားမှုကြောင့် နယ် မြေ ဒေသကြီးများစွာတွင် ပြောင်းအထွက်ပမာဏသည် ၃၀% ခန့် ကျဆင်းနိုင်ကြောင်း ပြောဆို ခဲ့ခြင်းဖြစ်သည်။  ယူကရိန်း ကောက်ပဲသီးနှံကုန်သည်များ သမဂ္ဂအဖွဲ့ (UGA) ကလည်း ယခင်ရက် သတ္တပတ်၌ ၂၀၂၄ ခုနှစ်အတွက် ပြောင်းသီးနှံအထွက်ခန့်မှန်းချက် ထုတ်ပြန်ရာတွင် ၂၀၂၃ ခုနှစ်၌ ပြောင်းတန်ချိန် ၂၉.၆ သန်း ထွက်ရှိခဲ့ရာမှ ယခုနှစ်တွင် အပူလှိုင်းဒဏ်ကြောင့် တန်ချိန် ၂၃.၄ သန်း ခန့်သာ ရိတ်သိမ်းထွက်ရှိနိုင်ကြောင်း ဖော်ပြခဲ့သည်။

    ယူကရိန်း အစိုးရပိုင်းကမူ အဆိုးမြင်မှုနည်းပါးပြီး နယ်မြေအများစု၌ နောက်ကျစိုက်ပျိုးသည့် သီးနှံစိုက်ခင်းများတွင်သာ အထွက်ပမာဏ လျော့ကျမှု အများဆုံးအားဖြင့် ၁၅% အထိသာ ရှိနိုင်သည်ဟု ခေတ္တစိုက်ပျိုးရေးဝန်ကြီးက ယခင်လ၌ ပြောကြားထားကြောင်း သိရှိရသည်။

Source: Hellenic Shipping News, 6 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)