Main menu

မိုးဦးနှမ်းများရာသီပေါ်စဖြစ်၍ ဈေးကောင်းရလျက်ရှိ

Powered by Drupal

     မိတ္ထီလာခရိုင်တွင် နှမ်းကို မိတ္ထီလာ၊ သာစည်၊ မလှိုင်၊ ဝမ်းတွင်း(၄)မြို့နယ်လုံးစိုက်ပျိုးကြပြီး မိုးဦးနှမ်းနှင့် မိုးနှောင်းနှမ်းများစိုက်ပျိုးရာတွင် မိုးဦးနှမ်းကိုအဓိကထားပြီး အများဆုံးစိုက်ပျိုးကြပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မိုးနှမ်းစိုက်ဧက (၃၁၆၆၆၃)ဧကရှိပြီး မိုးဦးနှမ်းကို မေလ၊ ဇွန်လများတွင်စိုက်ပျိုးကြပြီး ယခုဩဂုတ်လဆန်းပိုင်းတွင် မိုးဦးနှမ်းများ စတင်ထွက်ရှိပြီး  ဈေးကွက်အတွင်း နှမ်းအသစ် များဝင်ရောက်လာပါသည်။ ယခုနှစ်တွင် မိုးနှမ်းစိုက်ဧကတစ်ဧကလျှင် (၃၀၀၀၀၀) ကျပ်ခန့်ကုန်ကျစရိတ်ရှိကြောင်း နှမ်းစိုက်တောင်သူများထံမှသိရပါသည်။ ယခုနှစ်မိုးနှမ်းရာသီပေါ်စတွင် နှမ်းညို  (အသစ်) တစ်တင်းလျှင် (၁၁၅၀၀၀)ကျပ်ဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ်ရာသီပေါ်စတွင် နှမ်းညို(အသစ်)တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်ခန့်သာရှိခဲ့ပြီး ယခင်နှစ်နှင့် ယခုနှစ်ကာလတူနှိုင်းယှဉ်လျှင် နှမ်းညိုတစ်တင်းလျှင် (၁၅၀၀၀)ကျပ်ခန့်မြင့်တက်လာကြောင်း၊ နှမ်းအသစ်များကို ရန်ကုန်၊ မန္တလေးမြို့များသို့တင်ပို့ကြပြီး၊ နှမ်းအဟောင်းတစ်တင်းလျှင် (၁၀၅၀၀၀)ကျပ်ရှိပြီး၊ ဒေသတွင်းနှမ်းအဟောင်းများကို ဆီစက်ပိုင်ရှင်များမှ ဝယ်ယူကြိတ်ခွဲကြကြောင်း၊ ဈေးကွက်အတွင်း နှမ်း လှိုင်လှိုင်မဝင်လာသေးဘဲ တစ်ပတ်လျှင် နှမ်းတင်း(၂၀၀)ခန့်သာဝင်ရောက်သေးကြောင်း ပွဲရုံများထံမှသိရှိရပြီး နှမ်းပေါ်စဖြစ်၍ နှမ်းဈေးကောင်းလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)