Main menu

တရုတ်နိုင်ငံသည် Starlink ကို ပြိုင်ဆိုင်ရန်အတွက် ဂြိုလ်တုများအား ပထမဆုံး လွှင့်တင်သွားမည်

Powered by Drupal

      တရုတ်အစိုးရပိုင် လုပ်ငန်းတစ်ခုသည် အမေရိကန်ကုမ္ပဏီ Space x ၏ starlink ကမ္ဘာ လုံးဆိုင်ရာ အင်တာနက်ကွန်ရက်ကို ပြိုင်ဆိုင်ရန် ဒီဇိုင်းထုတ်ထားသည့် megaconstellation ဂြိုလ်တုများအတွက် ပထမအသုတ်အား ဩဂုတ်လ ၅ ရက်နေ့က လွှင့်တင်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာက ဖော်ပြခဲ့သည်။

      လွှင့်တင်မှုသည် အာကာသထဲတွင် ဂြိုလ်တု ၅၅၀၀ ခန့်ရှိသည့်အနက် သုံးစွဲသူများ ကုမ္ပဏီများနှင့် အစိုးရအေဂျင်စီများမှ အသုံးပြုသည့် ကြီးထွားလာနေသည့် စီးပွားရေး ဘရော့ဒ်ဘန်း ဖြစ်သော Starlink  နှင့်အပြိုင် ကိုယ်ပိုင် Starlink အား ဖန်တီးရန် ဘေဂျင်း၏ မဟာဗျူဟာရည်မှန်းချက်အတွက် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်သည်။

     Shanghai Spacecom Satellite Technology (SSST) မှ ဦးဆောင်ပြီး လွှင့်တင်မှုကို တရုတ်နိုင်ငံမြောက်ပိုင်း Shahxi ပြည်နယ်တွင် တည်ရှိသော တရုတ်နိုင်ငံ၏ အဓိကဂြိုလ်တုနှင့် ဒုံးပျံလွှင့်တင်ရေးစင်တာတစ်ခုဖြစ်သည့် Taiyuab Satellite Launch Center တွင် ပြုလုပ်ခဲ့ကြောင်း China Securities Journal မှ ဖော်ပြခဲ့သည်။

      လွှင့်တင်မှုသည် SST ၏ ယမန်နှစ်ကစတင်ခဲ့သည့် ကမ္ဘာပတ်လမ်းနိမ့်ဂြိုလ်တုပေါင်း ၁၅၀၀ ဖြန့်ကျက်ရန် ရည်ရွယ်ထားသည့် “Thousand Sails Constellation” အစီအစဉ် သို့မဟုတ် “G60 Starlink Plan” ဟု ခေါ်သော အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

     LEO ဂြိုလ်တုများသည် အများအားဖြင့် ကမ္ဘာ့မြေမျက်နှာပြင်မှ ကီလိုမီတာ ၃၀၀ မှ ကီလိုမီတာ ၂၀၀၀ အကွာအဝေးတွင် လည်ပတ်နိုင်ပြီး ပိုမိုဈေးသက်သာကာ ပတ်လမ်းကြောင်း မြင့်သောဂြိုလ်တုများထက် ပိုမိုထိရောက်စွာ ထုတ်လုပ်ပေးနိုင်စွမ်းရှိသည့်အားသာချက်များ ရှိသည်။

     သန်းကြွယ်သူဌေး Elon Musk ပိုင်သည့် Starlink သည် ယခုအချိန်ထိ အမေရိကန် ပြည်ထောင်စုတွင် အသုံးပြုသူသောင်းနှင့်ချီရှိပြီး ၎င်း၏စနစ်တွင် ဂြိုလ်တုပေါင်း သောင်းနှင့်ချီ၍ ထပ်မံထည့်သွင်းရန် စီစဉ်လျက်ရှိသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ သုတေသီများသည် ယူကရိန်းစစ်ပွဲတွင် Starlink ၏ ဖြန့်ကျက်မှုကို လွန်ခဲ့သည် နှစ်နှစ်ကျော်က လေ့လာခဲ့ပြီး အမေရိကန်နှင့် စစ်ဆေးအရ ပဋိပက္ခဖြစ်ပွားပါက တရုတ်နိုင်ငံအတွက် အန္တရာယ်ရှိကြောင်း ထပ်ခါတလဲလဲ သတိပေးခဲ့သည်။ ဇန်နဝါရီလတွင် ထုတ်ဝေသည့် op-ed သည် Starlink ကို နိုင်ငံအသီးသီး၏ အာကာသပိုင်ဆိုင်မှုလုံခြုံရေးအတွက် ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုအဖြစ် PLA အာဘော်တွင် ထုတ်ဝေခဲ့သည်။

     SSST ၏ အစီအစဉ်သည် ယခုနှစ်တွင် ဂြိုလ်တု ၁၀၈ လုံး၊ ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် ဂြိုလ်တု ၆၄၈ လုံးလွှင့်တင်ရန်၊ ၂၀၂၇ ခုနှစ်တွင် ကမ္ဘာ့ကွန်ရက်အား လွှမ်းခြုံနိုင်ရန် ၂၀၃၀ ခုနှစ် မတိုင်မီတွင် ဖြန့်ကျက်ထားသော ဂြိုလ်တုပေါင်း ၁၅၀၀၀ အထိ ရှိလာရန်ဖြစ်သည်။

Source : Reuters

DOCA(ရန်ကုန်)