Main menu

သာစည်မြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ သာစည်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ‌‌ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံရေး၊ အခြေခံစားသောက်ကုန်များဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျန်းမာရေးအထောက်အကူပြုဆေးဝါးပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့်ပတ်သက်၍ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၅ရက်နေ့၊ နံနက်(၀၉း၃၀နာရီအချိန်တွင် သာစည်မြို့ပေါ်ရှိ ဆေးဆိုင် (၆) ဆိုင်အား စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် သာစည်မြို့နယ်အတွင်းရှိ ဆေးဆိုင်တာဝန်ခံများအား ဆေးဈေးနှုန်းများမှန်ကန်မှုရှိစေရေး၊ ဈေးကစားခြင်းကြောင့် ဈေးနှုန်းများမြင့်တက်ခြင်းမရှိစေရေးရည်ရွယ်၍ သွားရောက်စစ်ဆေးခြင်းနှင့် ဈေးနှုန်းကောက်ယူခြင်းလုပ်ငန်းများလုပ်ဆောင်နေသောကြောင့် ဈေးကွက်အတွင်း ဆေးလက်ကျန်အခြေအနေနှင့် ဆေးပစ္စည်းလိုအပ်ချက်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)