Main menu

Online Sale လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည် ၂-၈-၂၀၂၄ ရက်နေ့တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၌ May Online Sale လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါသည်။

       ထိုသို့တွေ့ဆုံရာတွင်  May Online Sale လုပ်ငန်းရှင်က Online Sale မှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သောအထောက်အထားများနှင့် မှတ်ပုံတင်လျှောင်ထားမှုအဆင့်ဆင့်တို့အား ဆွေးနွေးမေးမြန်းရာ  သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံက         Online Sale မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ SME မှတ်ပုံတင်လက်မှတ်များကိုတင်ပြရန်လိုအပ်ပြီး တစ်ဦးချင်ဖြစ်ပါက တင်ပြရန်မလိုအပ်ကြောင်း၊ ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ Passport ဓါတ်ပုံ၊ Online Sale Owner ၏ မှတ်ပုံတင်၊ Owner ၏ နေထိုင်ခြင်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale၏ Logo များကိုပြင်ဆင်ထားရန်၊ Online Sale  လျှောက်ထားရာတွင် အသုံးပြုမည့် email (သို့မဟုတ်) Mobile Phone Number ဖြင့် Sing Up ပြုလုပ်ပြီးလျှင် Login ဝင်ပြီး မှတ်ပုံတင်နိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)