Main menu

ဒေသတွင်း MSMEs လုပ်ငန်းများအား ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့ (၅-၈-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဦးစီးဌာန၏ “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဟူသောမျှော်မှန်းချက်များနှင့် ပြည်တွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက်  မိတ္ထီလာမြို့၊ ပေါက်ချောင်းရပ်ကွက်ရှိ “ကြာညိုသင်း” မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ ဖြစ်ပေါ်နေသောအခက်အခဲနှင့် လိုအပ်ချက်များအား ကွင်းဆင်းမေးမြန်းခဲ့ပါသည်။

          ကြာညိုသင်းမုန့်လုပ်ငန်းတွင် လုပ်သား ကျား (၁၀) ဦး၊ မ (၁၁) ဦးရှိပြီး တစ်လလျှင် အမျိုးသားတစ်ဦး၏လုပ်အားခ (၂၂၀၀၀၀) ကျပ်ခန့်နှင့် အမျိုးသမီးတစ်ဦး၏လုပ်အားခ (၂၀၀၀၀၀)ကျပ်ခန့်ပေးချေရကြောင်း၊ ကြာညိုသင်းမုန့်တစ်ထုပ်လျှင် (၁၉၀၀၀) ကျပ်နှင့် ပဲလမုန့် (၁၃၀၀) ကျပ်ဖြင့်ရောင်းချရကြောင်း၊ မုန့်အမျိုးအစား ( ၇ ) မျိုးထုတ်လုပ်ကြောင်း၊ ထွက်ရှိလာသောမုန့်များအား   ရန်ကုန်၊ မန္တလေး၊ မကွေး၊ မိတ္ထီလာ၊ နေပြည်တော်မြို့များထိဖြန့်ချိလျက်ရှိပြီး ယခင်က လုပ်ငန်းလုပ်ကိုင်ရန် အဓိကလိုအပ်သည့် စားအုန်းဆီအခက်အခဲရှိသော်လည်း ယခုအခါ စားသုံးသူရေးရာဦးစီးဌာန၏ ကူညီချိတ်ဆက်မှုဖြင့် လစဉ်လုပ်ငန်းသုံးစားအုန်းဆီများခွဲတမ်းရရှိနေသဖြင့် လုပ်ငန်းအဆင်ပြေလျက်ရှိပြီး နီးစပ်ရာရပ်ကွက်များရှိ လုပ်သားများအတွက်ပါ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)