Main menu

Geely သည် တက္ကစီထုတ်လုပ်သည် LEVC တွင် ပေါင်သန်း ၁၂၀ ရင်းနှီးမြှုပ်နှံ

Powered by Drupal

      ကုမ္ပဏီမှ စာရွက်စာတမ်းများအရ Geely မှ ငွေကို အရစ်ကျဖြင့် နှစ်ဆင့်ခွဲ၍ ပေးချေခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလတွင် တရုတ်မော်တော်ကားအုပ်စုသည် ၎င်း၏ Coventry အခြေစိုက်လုပ်ငန်းခွဲသို့ ပေါင် ၇၀ သန်းနှင့် မေလတွင် ပေါင် ၅၀ သန်းအား ရင်းနှီးမြှုပ်နှံရန် စုဆောင်းခဲ့သည်။

       အဆိုပါငွေများအား လျှပ်စစ်ကား ပလပ်ဖောင်းအသစ်ထုတ်လုပ်ရန်အတွက် အသုံးပြုမည် ဖြစ်သည်။ UK၊ ဥရောပနှင့် တရုတ်နိုင်ငံရှိ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာ များတွင် တီထွင်ထားသည့် SOA (Space Oriented Architecture) ပလပ်ဖောင်းသည် ဇွန်လကုန်ကတည်းက စတင်ရောင်းချခဲ့သည်။ LEVC မှ L380 လျှပ်စစ်ဗင်အသစ်အတွက် အခြေခံဖြစ်သည်။

      Geely သည် LEVC တွင် ရင်းနှီးမြှုပ်နှံမှုမတိုင်မီက UK တက္ကစီ လုပ်ငန်းတွင် ပါဝင် ပတ်သက်မှုအနေဖြင့် London Taxi  Company နှင့် မိတ်ဖက်အဖြစ် ၂၀၀၆ ခုနှစ်ကစတင်ခဲ့ သည်။ ၂၀၁၅ ခုနှစ်တွင် Geely  သည် Coventry အနီးတွင် စက်ရုံအသစ်တစ်ခုတည်ဆောက်ရန် ကြေညာခဲ့ပြီး ထိုနေရာတွင် အလုပ်အကိုင်ပေါင်း ၁၀၀၀ ဖန်တီးရန် စီစဉ်ခဲ့သည်။ ယင်းနောက် ကုမ္ပဏီအား ၂၀၁၇ ခုနှစ်တွင် London Electric Vehicle company (LEVC) ဟု အမည်ပြောင်း ခဲ့သသည်။ အမည်သစ်ဖြင့် Geely သည် တက္ကစီများကို ထုတ်လုပ်ရုံသာမဟုတ်ပဲ ပုံစံအမျိုးမျိုး ဖြင့် လျှပ်စစ်ကားများကိုလည်း ထုတ်လုပ်လိုကြောင်း ရှင်းလင်းပြောကြားခံခဲ့သည်။ L380 လျှပ်စစ်ဗင်အသစ်သည် ဤသို့ ပြန်လည်ပြင်ဆင်ထုတ်လုပ်ခြင်းအတွက် ရလဒ်ဖြစ်သည်။

    မူလက LEVC သည် ၂၀၁၇ ခုနှစ်တွင် တင်ပြခဲ့သော TX plug-in hybrid Taxi ၏ ပလပ်ဖောင်းပေါ်တွင် အခြေခံထားသော နောက်ထပ်ယာဉ်များကို တီထွင်လိုခဲ့သည်။ သို့သော်လည်း ၂၀၁၉ ခုနှစ်တွင် LEVC သည် မော်ဒယ်သစ်များအတွက် အခြေခံအဖြစ် ၎င်း၏ ပလပ်ဖောင်းကို အသုံးပြုရန် အစီအစဉ်များကို ဖျက်သိမ်းခဲ့သည်။

   ယခုရင်းနှီးမြှုပ်နှံမှုမတိုင်မီ Geely သည် LEVC ကုမ္ပဏီတွင် ခန့်မှန်းခြေပေါင် သန်း၅၀၀ ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ကြောင်း British Times မှ ခန့်မှန်းထားသည် ပြင်သစ်ဘဏ် Natixis သည် LEVC ၏ လက်ကျန်ရှင်းတမ်းကို အားကောင်းစေရန် ၂၀၂၃ ခုနှစ်အစောပိုင်းတွင် စုစုပေါင်း ပေါင်သန်း ၈၀ ရင်းနှီးမြှုပ်နှံခဲ့ပြီး ရှယ်ယာ ၆.၄၅% ပြန်လည်ရယူခဲ့သည်။

Source : electrive

DOCA(ရန်ကုန်)