စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဈေးကွက်အတွင်း ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၅ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအိချိန်တွင် မိတ္ထီလာမြို့၊ မြို့မဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင် ( ၅ ) ဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်ကထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) တို့အား လိုက်နာဆောင်ရွက်ရမည့်အပြင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ကထုတ်ပြန်ထားသည့် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blanded Oil) အပြင် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့် (၂/၂၀၂၄) တို့အား ရှင်းလင်းပြောကြားအသိပေးခဲ့ပြီးနောက် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကာ အမိန့်၊ ညွှန်ကြားချက်များနှင့်ကိုက်ညီသော ရောနှောဆီနှင့် စားသုံးဆီအမျိုးမျိုးကိုသာ ဈေးကွက်အတွင်း ဝယ်ယူဖြန့်ဖြူးရောင်းချကြရန် ဆွေးနွေးအသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)