Main menu

ရမည်းသင်းခရိုင်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၆ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပျော်ဘွယ်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ပျော်ဘွယ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချနေသည့် ဆိုင်များသို့သွားရောက်၍ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပြီး ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့အားဆွေးနွေးခဲ့ရာ ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့်ဘိလပ်မြေတို့ကို စက်ရုံများမှ တိုက်ရိုက်ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် အပါချီအမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် (၈၆၀၀) ကျပ်၊ အယ်ဖာအမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် (၈၅၀၀) ကျပ်နှင့် ကြံ့နှစ်ကောင်အမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် (၈၅၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ဇူလိုင်လ ပထမပတ်တွင်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် အရောင်းအဝယ်အေး၍ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)