Main menu

တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် ကုန်သွယ်မှုအား သဘောတူညီချက်ဒေါ်လာ ၁၁၂ သန်း ရရှိ

Powered by Drupal

    အဌမအကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသည် တနင်္ဂနွေနေ့တွင် ပြီးဆုံးခဲ့ပြီး ပြည်တွင်းနှင့် ပြည်ပကုန်သွယ်မှု စာချုပ်များ စုစုပေါင်း တန်ဖိုး ယွမ် ၈ ဘီလီယံ (ဒေါ်လာ ၁၁၂ သန်း) ခန့် လက်မှတ်ရေးထိုးခဲ့ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

   ယခုနှစ် ကုန်စည်ပြပွဲတွင် နိုင်ငံပေါင်း ၈၂ နိုင်ငံ၊ ဒေသများစွာနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပါဝင်ပြသခဲ့ပြီး ကုမ္ပဏီပေါင်း ၂၀၀၀ ကျော် ပါဝင်ခဲ့သည်။ ယင်းတို့အနက်မှ ထက်ဝက်နီးပါးသည် တောင်အာရှနှင့် အရှေ့တောင်အာရှရှိနိုင်ငံအားလုံးကို လွှမ်းခြုံထားသည့် ပြည်ပကုမ္ပဏီများဖြစ်သည်။

    ကုန်စည်ပြပွဲကို ၂၀၁၃ ခုနှစ်တွင် ကူမင်တွင် ပထမဆုံး ကျင်းပခဲ့ပြီး ထိုနှစ်တွင်ပင် တရုတ်နိုင်ငံသည် Belt and Road initiative ကို စတင်ခဲ့သည်။ စတင်ကျင်းပချိန်မှစ၍ ကုန်စည်ပြပွဲသည် ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း ၁၈၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးခဲ့ပြီး ကုန်သွယ်မှု ပမာဏဒေါ်လာ ၁၀၀ ဘီလီယံကျော်ကို မြှင့်တင်ကာ ပရောဂျက်ပေါင်း ၃၀၀၀ ကျော်အား လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

    ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်အစိုးရတို့ ပူးပေါင်းစီစဉ်သည့် အဆိုပါ ကုန်စည်ပြပွဲသည် တရုတ်နှင့် တောင်အာရှနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်မှုဖလှယ်ခြင်းအတွက် ယခုနှစ်အတွက် အရေးကြီးဆုံးပွဲများထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။

Source : cgtn

DOCA(ရန်ကုန်)