Main menu

ရုရှားနိုင်ငံမှ ဓါတ်ငွေ့များအား ဥရောပသို့ တင်ပို့မှုသည် ယခုနှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိ

Powered by Drupal

    ရုရှားစွမ်းအင်ကုမ္ပဏီကြီး Gazprom သည် ဇူလိုင်လတွင် ဥရောပသို့ ပျမ်းမျှနေ့စဉ် သဘာဝဓါတ်ငွေ့ ထောက်ပံ့မှုသည် ယခုနှစ်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ယမန်နှစ်ကနှင့် နှိုင်းယှဉ်ပါက ၅.၇% တိုးလာကာ ပြီးခဲ့သော ဇွန်လကထက် ၁၂% အထိ ပိုများလာကြောင်း Reuters ၏ တွက်ချက်မှုအရ သိရသည်။

    ထိုသို့ တစ်လထက်တစ်လတိုးလာခြင်းသည် ရုရှားမှ တူရကီသို့ ဓါတ်ငွေ့တင်ပို့သော Tarksteran Pipline အား ပြုပြင်ထိန်းသိမ်းမှုပြီးစီးခြင်းအား ထင်ဟပ်စေကာ ဆောင်းရာသီမတိုင်မီ ဓါတ်ငွေ့သိုလှောင်ခန်းများထဲသို့ ဓါတ်ငွေ့များစတင်ထည့်သွင်းခြင်းကြောင့် ရာသီအလိုက် ဝယ်လိုအားများတိုးလာခဲ့သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

    ယူကရိန်းမှတဆင့် ဓါတ်ငွေ့ပို့လွှတ်မှုဆိုင်ရာ ဥရောပဓါတ်ငွေ့ထုတ်လုပ်မှုအဖွဲ့ Entsog နှင့် Gazprom တို့၏ နေ့စဉ်အစီအရင်ခံစားများအပေါ် အခြေခံ၍ တွက်ချက်မှုများတွင် ပျမ်းမျှနေ့စဉ်ပိုက်လိုင်းတင်ပို့မှုသည် ပြီးခဲ့သည့်လတွင်၉၁.၅သန်း ကုဗမီတာတိုးလာသည်ကို ပြသခဲ့သည်။ ယခုနှစ်အထိ Gazprom ၏ သဘာဝဓါတ်ငွေ့များ ဥရောပသို့ တင်ပို့မှုသည် ၁၈.၃ ဘီလီယံကုဗမီတာ(bcm) ခန့် ရောက်ရှိခဲ့သည်။

    Gazprom မှ အချက်အလက်များနှင့် Reuter ၏ တွက်ချက်မှုများအရ ရုရှားသည် ၂၀၂၂ ခုနှစ်တွင် လမ်းကြောင်းအမျိုးမျိုးဖြင့် ဥရောပသို့ သဘာဝဓါတ်ငွေ့စုစုပေါင်း ၆၃.၈ bcm ခန့် ကိုပေးပို့ခဲ့သည်။ ထုထည်သည် ယခင်နှစ်က ၅၅.၆% မှ ၂၈.၃ bcm သို့ ကျဆင်းသွားခဲ့သည်။ Gazprom သည် ဥရောပိသို့ ဓါတ်ငွေ့တင်ပို့မှုကျဆင်းပြီးနောက် ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၇ ဘီလီယံနီးပါးအရှုံးပေါ်ခဲ့သည်။

   ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ရုရှားငွေစာရင်းစံနှုန်းအရ ၎င်း၏ အသားတင်ဆုံးရှုံးမှုသည် ၈၈% တိုးလာပြီး ၄၈၀.၆ ဘီလီယံရူဘယ်အထိ တိုးလာကာ အဓိကအားဖြင့် ဥရောပတွင် တစ်နှစ်ထက်တစ်နှစ် ဓါတ်ငွေ့ဈေးနှုန်းများ သိသိသာသာကျဆင်းလာခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

Source : Reuters

DOCA(ရန်ကုန်)