Main menu

ဖရဲသီးများ ရာသီပေါ်စအချိန်ဖြစ်၍ ဈေးကောင်းရ

Powered by Drupal

      ဖရဲသီးကို မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ နှောပင်၊ ဆည်ကြီး၊ ကုန်းတောင်း၊ အပျောက်ရွာများ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ဖရဲကို ဧပြီလတွင်စိုက်ပျိုးပြီး ဇူလိုင်လတွင် ဆွတ်ခူးကြရပါသည်။ ဟီးရာမျိုးနှင့် ဗဟုဘာလီဖရဲမျိုးကိုအများဆုံးစိုက်ပျိုးကြပြီး ထွက်ရှိလာသောဖရဲသီးများကို ဒေသတွင်းအပြင် တာချီလိတ်၊ တောင်ကြီးမြို့များသို့ အဓိကတင်ပို့ရောင်းချကြပါသည်။ လက်ရှိဈေးကွက်တွင် ဟီးရာနှင့်ဗဟုဘာလီဖရဲ (၂) မျိုးလုံးတွင် ဖရဲသီးခေါင်သီး (အကြီး) တစ်လုံးလျှင် (၁၈၀၀-၂၀၀၀) ကျပ်၊ ဖရဲသီး (အလတ်) တစ်လုံးလျှင် (၁၂၀၀) ကျပ်၊ ဖရဲသီး (အသေး) တစ်လုံးလျှင် (၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ရာသီပေါ်ချိန်အစဖြစ်၍ ဈေးကောင်းရရှိလျက်ရှိကြောင်း ဖရဲစိုက်တောင်သူများထံမှသိရှိရပါသည်။

DOCA(မန္တလေး)