Main menu

၂၀၂၄ ခုနှစ်၏ ပထမ ၇ လတာကာလတွင် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံရရှိခဲ့သည့် ဗီယက်နမ်

Powered by Drupal

     ၂၀၂၄ ခုနှစ်၏ ပထမ ၇ လတာ ကာလတွင် ဗီယက်နမ်နိုင်ငံ၏ အပြန်အလှန် ကုန်သွယ်မှုပမာဏ အမေရကန်ဒေါ်လာ ၄၄၀ ဘီလီယံရှိပြီး တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၂၇ ဘီလီယံနှင့် တင်သွင်းမှု တန်ဖိုးအမေရိကန်ဒေါ်လာ ၂၁၃ ဘီလီယံရှိကာ လွန်ခဲ့သည့် နှစ်တူညီကာလထက် ၁၅.၇% နှင့် ၁၈.၅% အသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တင်ပို့မှုတွင် ပြည်တွင်းကဏ္ဍမှ ၂၇.၈% နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့်ကဏ္ဍမှ ၇၂.၂% ရှိကြောင်း သိရပါသည်။ တင်သွင်းမှုတွင် ပြည်တွင်းကဏ္ဍမှ အမေရိကန်ဒေါ်လာ ၇၈ ဘီလီယံဖြင့် ၂၁.၅% မြင့်တက်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၃၅ ဘီလီယံဖြင့် ၁၇% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ အမေရိကန်သည် အမေရိကန်ဒေါ်လာ ၆၆ ဘီလီယံဖြင့် ဗီယက်နမ်၏ အဓိကတင်သွင်းသူဖြစ်ပြီး တရုတ်သည် အမေရိကန်ဒေါ်လာ ၇၉.၂ ဘီလီယံဖြင့် ဗီယက်နမ်၏ အဓိကတင်ပို့သူဖြစ်ကြောင်း သိရပါသည်။ အတွင်းကျကျသိသူများက အစိုးရ၏ ရည်မှန်းချက်ဖြစ်သည့် တင်ပို့မှုပမာဏ အမေရိကန်ဒေါ်လာ ၃၇၇ ဘီလီယံ (ကြီးထွားနှုန်း ၆%) ပြည့်မီရန်အတွက် ဗီယက်နမ်လုပ်ငန်းရှင်များသည် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်များထံမှ အခွင့်အလမ်းများရယူရန် ကောင်းမွန်စွာ ပြင်ဆင်ထားသင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံသည် ဆန်၊ ငရုတ်တင်ပို့သူများထဲတွင် ပါဝင်ပြီးတင်ပို့သည့် ဈေးကွက်များ၏ လိုအပ်ချက်များပြည့်မီရန် နိုင်ငံသည် ထုတ်ကုန်များ၏ အရည်အသွေး ဆက်လက်တိုးတက်နေစေရန် အရေးကြီးကြောင်း သိရှိရပါသည်။

Source : Vietnam Plus

DOCA(ရန်ကုန်)