Main menu

တရုတ်မှတင်သွင်းလာသော EV များ၊ အစိတ်အပိုင်းများအပေါ် တင်းကြပ်သောအခွန်စည်းကြပ်ရန် Canadian Union Unifor မှတောင်းဆို

Powered by Drupal

       တိုရွန်တို (Reuters) - ကနေဒါအလုပ်သမားသမဂ္ဂ Unifor က အမေရိကန်ပြည်ထောင်စု၏ အဆိုပြုထားသည့်  အတိုင်းအတာတချို့နှင့်ကိုက်ညီစေရန် တရုတ်မှထုတ်လုပ်သည့် လျှပ်စစ်ကားများ (EVs) အားလုံးကို အခွန်စည်းကြပ်ရန်  ကြာသပတေးနေ့တွင်  တောင်းဆိုလိုက်ပါသည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ အလားတူလှုပ်ရှားမှုများအပြီးတွင် ကနေဒါသည် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများအပေါ် အခွန်စည်းကြပ်ခြင်းရန် ဇူလိုင်လတွင် လူထုညှိနှိုင်းမှုလုပ်ငန်းစဉ်ကိုစတင်ခဲ့သည်။

       ကနေဒါအစိုးရသည် "EV ကဏ္ဍအတွက် တရုတ်နိုင်ငံ၏ တရားမျှတမှုမရှိသော ပံ့ပိုးကူညီမှုအားမစစ်ဆေးဘဲ ထားခဲ့ပါက တင်သွင်းမှုအဆတိုးမြင့်လာနိုင်သည့် အန္တရာယ်ကိုရှုမြင်ပြီး စီစဉ်ထားသည့် EV ရင်းနှီးမြှုပ်နှံမှုများနှင့် ကနေဒါ၏ မော်တော်ယာဉ်အသွင်ကူးပြောင်းမှုကို ဆိုးရွားစွာထိခိုက်စေမည့် တင်သွင်းမှုများထပ်တိုးလာမည်" ဟုပြောကြားခဲ့သည်။ ကနေဒါ၏ လူထုညှိနှိုင်းရေးလုပ်ငန်းစဉ်သည် ယခုသီတင်းပတ်တွင် ပြီးဆုံးမည်ဖြစ်သည်။ "အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် တရားမျှတမှုမရှိသော သွင်းကုန်များ၏ခြိမ်းခြောက်မှုကိုတုံ့ပြန်ခဲ့ပြီး ယခုအချိန်သည် ကနေဒါနိုင်ငံအတွက် အလားတူလုပ်ဆောင်ရမည့်အချိန်ဖြစ်သည်" ဟု ပုဂ္ဂလိကကဏ္ဍအလုပ်သမားများကိုကိုယ်စားပြုသည့် ကနေဒါ၏အကြီးဆုံးသမဂ္ဂ Unifor က ကြာသပတေးနေ့တွင်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများအတွက် 100% အခွန်နှုန်းထားများထက် surtax နှင့် ဘက်ထရီ 25% surtax အပြင် လျှပ်စစ်မော်တာများနှင့် ဘက်ထရီဆဲလ်ပစ္စည်းများအပေါ် အခွန်ကောက်ခံရန် Unifor မှတောင်းဆိုထားသည်။ ကနေဒါသည် ဖြစ်နိုင်ချေရှိသောစည်းကြပ်ခွန်များကို ဆန်းစစ်နေချိန်တွင်ပင် ကမ္ဘာ့အကြီးဆုံး EV ထုတ်လုပ်သူဖြစ်သည့် တရုတ်ကားထုတ်လုပ်သူ BYD သည် EV များပေါ်တွင် အခွန်စည်းကြပ်ခြင်းဆိုင်ရာအလားအလာများကို ဆွေးနွေးရန် ကနေဒါအစိုးရနှင့် မကြာသေးမီက တွေ့ဆုံခဲ့ပြီး ကနေဒါတွင် ခရီးသည်တင် EV များကို စတင်ရောင်းချရန်စီစဉ်ထားသည်။

Source-REUTERS

DOCA(မန္တလေး)