Main menu

“ကျောက်ဆည်ခရိုင်တွင် မိုးစပါးများအောင်မြင်ဖြစ်ထွန်းလျက်ရှိ”

Powered by Drupal

         ကျောက်ဆည်ခရိုင်တွင် မိုးစပါးများစတင်စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ မိုးစပါးစိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် (၁၆၀၃၅) ဧက၊ စဉ့်ကိုင် မြို့နယ်တွင် (၉၅၆၉) ဧက၊ မြစ်သားမြို့နယ်တွင် (၁၃၄၁၉) ဧက၊ စုစုပေါင်း (၃၉၀၂၃) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ မိုးစပါးကို ပျိုးထောင်စနစ်၊ ပက်ကြဲစနစ်များဖြင့် စိုက်ပျိုးထားကြပြီး အများဆုံးစိုက်ပျိုးသောမျိုးများမှာ ဧရာပဒေသာမျိုးနှင့် မနောသုခမျိုးများဖြစ်ကြောင်း၊ စိုက်ပျိုးမှုတစ်ဧကကုန်ကျစရိတ်အနေဖြင့် လုပ်သားခ၊ သွင်းအားစုအပါအဝင် စုစုပေါင်း (၇၀၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ယခုနှစ်တွင် ဆည်ရေလုံလောက်စွာရရှိသောကြောင့် မိုးစပါးများကောင်းမွန်စွာအောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။ ကျောက်ဆည်ခရိုင်အတွင်း မိုးစပါးစိုက်ပျိုးရာတွင် အရည်အသွေးကောင်းနှင့် စျေးကောင်းရရှိသော မနောသုခ၊ ဧရာပဒေသာစပါးမျိုးများစိုက်ပျိုးကြပါသည်။ စပါးဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် မနောသုခစပါးတစ်တင်းလျှင် (၁၇၅၀၀)ကျပ်၊ ဧရာပဒေသာစပါးတစ်တင်းလျှင် (၁၉၀၀၀)ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး၊ ယခုနှစ် မနောသုခစပါးတစ်တင်းလျှင် (၂၃၀၀၀-၂၄၀၀၀)ကျပ်နှင့် ဧရာပဒေသာစပါးတစ်တင်းလျှင် (၂၉၀၀၀-၃၀၀၀၀)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း မိုးစပါးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)