Main menu

ငါန်းဇွန်မြို့ရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်တာဝန်ခံသည် မြို့နယ်အတွင်းရှိ ပြည်တွင်းစားဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်မှုရှိစေရေးအတွက်  မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ငါန်းဇွန်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသို့ (၇-၈-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ စသည့်ဌာနများမှ တာဝန်ရှိသူများပူးပေါင်းပါဝင်ခဲ့ကြပြီး၊ မြို့မစည်ပင်သာယာဈေးအတွင်း/အပြင်ရှိ ဆန်ဆိုင်များ၊ ရပ်ကွက်များအတွင်းရှိဆန်ဆိုင်များတွင် ဆန်ရောင်းချမှုများနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ဆန်ရောင်းချမှုအခြေအနေများနှင့် အများပြည်သူသို့ ဆန်များရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊  သတ်မှတ်ရည်ညွှန်းဈေးများနှင့်အညီရောင်းချစေရန်၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်းများမပြုလုပ်ကြရန်နှင့် ဆန်တန်ချိန်(၅၀)နှင့်အထက်၊ စပါးတင်း(၅၀၀၀)နှင့်အထက် သိုလှောင်ထားပါက မှတ်ပုံတင် ရန်လိုအပ်ကြောင်းနှင့် ညွှန်ကြားချက်၊ ပြဋ္ဌာန်းချက်များကိုလိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ကြပါသည်။ ငါန်းဇွန်မြို့နယ်အနေဖြင့် စားသုံးသူပြည်သူများအတွက် လိုအပ်သည့်ဆန်များကို မြို့နယ်အတွင်းမှထွက်ရှိသောဆန်များအပြင် ဒေသခံများစားသုံးမှုများသည့် အခြားဒေသထွက်ဆန်များကို မန္တလေးမှတစ်ဆင့် မှာယူရောင်းချကြကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)