Main menu

ငါန်းဇွန်မြို့ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ စသည့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများပါဝင်သော မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ငါန်းဇွန်မြို့ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချသောဆိုင်များသို့ (၂-၈-၂၀၂၄)ရက်နေ့၊ နံနက် ၀၈:၃၀ နာရီအချိန်တွင် သွားရောက်ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် တာဝန်ရှိသူများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စစ်ဆေးတွေ့ရှိရသော စံမညီ Batch No. ဆေးဝါး(၃)မျိုးရောင်းချမှုရှိ/မရှိကိုစစ်ဆေးခဲ့ကြပြီး ဆေးဝါးရောင်းချသောဆိုင်များအနေဖြင့် အများပြည်သူတို့၏ အသက်နှင့်ကျန်းမာရေးအတွက် လွန်စွာအရေးကြီးသည့်အတွက် ဆေးဝါးများနှင့်ပတ်သက်၍ သိရှိနားလည်ထားရန်နှင့် သက်ဆိုင်ရာဌာနများမှ သောက်သုံးရန်နှင့်သုံးစွဲရန်မသင့်ဟု သတ်မှတ်ထုတ်ပြန်ထားသော ဆေးဝါးများကိုလည်းရောင်းချခြင်းများမပြုလုပ်ကြရန်၊ ထုတ်ပြန်ချက်များကိုလည်း သက်ဆိုင်ရာဌာနများမှ နည်းလမ်းပေါင်းစုံဖြင့် အများပြည်သူနှင့် လုပ်ငန်းရှင်များပါမကျန် သိရှိနားလည်စေရန် ထုတ်ပြန်ပေးလျက်ရှိရာ ၎င်းထုတ်ပြန်ချက်များကိုလည်း အစဉ်တစိုက်စောင့်ကြည့်လေ့လာလိုက်နာကြရန်လိုအပ်ကြောင်း၊ စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်မပါသောဆေးဝါးများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါဝင်သော ဆေးဝါးများကိုရောင်းချခြင်းမပြုကြရန်၊ သတ်မှတ်ပြဋ္ဌာန်းထားသောဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန်နှင့် လိုက်နာမှုများမရှိပါက သက်ဆိုင်ရာဌာနများ၏ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခံရမည်ဖြစ်သည်ဟု အသိပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)