Brexit နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ဗြိတိန်သို့တင်သွင်းလာသော အစားအစာများကို ဗြိတိန်၏ဓာတ်ခွဲခန်းစွမ်းရည်နည်းပါးမှုကြောင့် စမ်းသပ်ရန် ဥရောပသို့ ပြန်လည်ပို့ဆောင်ထားကြောင်း အစားအသောက်အဖွဲ့များကပြောကြားခဲ့သည်။ ယူကေ၏ အစားအစာထောက်ပံ့မှုပေါင် ၁၀၀ဘီလီယံတန်ဖိုးရှိ ကုန်သွယ်ရေးအဖွဲ့ ၃၀ကိုကိုယ်စားပြုသည့် SPS လက်မှတ်လုပ်ငန်းအဖွဲ့သည် အစိုးရထံစာရေးပြီး ဂျာမနီကဲ့သို့သောနိုင်ငံများသို့တင်သွင်းလာသော အစားအစာနမူနာတချို့ကို နယ်စပ်မှမထွက်ခွာရသေးချိန်တွင် စမ်းသပ်ရန် အဖွဲ့ဝင်များအား အကြံပြုထားကြောင်းသိရသည်။ ဓာတ်ခွဲခန်း အဆောက်အဦများမရှိခြင်းသည် အပိုကုန်ကျစရိတ်များ၊ ကြာရှည်နှောင့်နှေးမှုနှင့် UK သို့ရောက်ရှိလာသည့် အစားအစာအတွက် သိုလှောင်မှုသက်တမ်းတိုတောင်းစေသည်ဟုဆိုသည်။ လွန်ခဲ့သည့် သီတင်းပတ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ အတွင်းဝန်သစ် Steve Reed ထံပေးပို့ခဲ့သည့်စာသည် ဗြိတိန်သို့ တိရစ္ဆာန်နှင့် အပင်ထွက်ကုန်များဆိုင်ရာ Brexit စစ်ဆေးမှုများပြုလုပ်ပြီးနောက် သုံးလအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဧပြီလ ၃၀ ရက်နေ့တွင် ယူကေဆိပ်ကမ်းများအနီးရှိ နယ်စပ်ထိန်းချုပ်ရေးစခန်းများ၌ စမ်းသပ်စစ်ဆေးမှုများသည် ဗြိတိန်၏ ဇီဝလုံခြုံရေးကိုမြှင့်တင်ရန်နှင့် နိုင်ငံတချို့နှင့် ဥရောပတိုက်ကြီးမှ ဗြိတိန်သို့ ရောဂါများဝင်ရောက်လာခြင်းကို ရပ်တန့်ရန်ရည်ရွယ်သည်။
တချို့ကိစ္စများတွင် ဤစစ်ဆေးမှုများသည် အဏုဇီဝ သို့မဟုတ် ဓာတုဗေဒခွဲခြမ်းစိတ်ဖြာမှုအတွက် ဓာတ်ခွဲခန်းတွင် စမ်းသပ်ရန် သို့မဟုတ် ထုတ်ကုန်တစ်ခု၏စစ်မှန်မှုကို စစ်ဆေးရန်လိုအပ်သည်။ သို့သော်လည်း UK သည် ယခုအခါ ဓာတ်ခွဲခန်းစွမ်းရည်ပြတ်လပ်မှုနှင့်ရင်ဆိုင်နေရပြီး နမူနာစမ်းသပ်မှုအကူအညီအတွက် နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်များအပေါ် ပိုမိုမှီခိုအားထားနေရပြီဖြစ်သည်။ ယခုလအတွင်း သီးခြားစာပတ်စာတစ်စောင်တွင် Food Standard Agency ၏ သိပ္ပံဆိုင်ရာအကြံပေးအရာရှိချုပ် Robin May က ယူကေ၏တရားဝင်ဓာတ်ခွဲခန်းစွမ်းရည်ကျဆင်းလာခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်းပြောကြားခဲ့သည်။ SPS အလုပ်အဖွဲ့၏စာတွင် တချို့သောကိစ္စများတွင် နမူနာများကို UK ဓာတ်ခွဲခန်းများသို့ပေးပို့ပြီး စားသောက်ကုန်လုပ်ငန်းကို မူလထုတ်လုပ်သည့်စက်ရုံ/လုပ်ငန်း၏ အသိပေးခြင်း သို့မဟုတ် သဘောတူညီချက်မရှိဘဲ ဥရောပရှိစက်ရုံများသို့ ထပ်ဆင့်ပေးပို့ထားကြောင်းဖော်ပြထားသည်။ အဆိုပါအဖွဲ့က အီးယူဓာတ်ခွဲခန်းသို့ နမူနာတင်ပို့ရန်အတွက် ခိုင်မာသည့်ပို့ကုန်လက်မှတ်ကို ပြုစုပျိုးထောင်ရန်လိုအပ်သည့်အပြင် ‘အပိုဆောင်းကုန်ကျစရိတ်၊ ကြန့်ကြာမှု၊ သိုလှောင်မှုသက်တမ်းဆုံးရှုံးခြင်းနှင့် အထူးသဖြင့် တာရှည်သက်တမ်းတိုပါက ရလဒ်များအဖြစ် လက်တွေ့ကျတဲ့တန်ဖိုးဖြစ်ဖို့လည်း အရမ်းနောက်ကျသွားပြီ။”ဟုလည်းပြောကြားခဲ့သည်။
SPS လုပ်ငန်းအဖွဲ့ကို လွန်ခဲ့သည့်သုံးနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး လယ်သမားများက အစားအသောက်ထုတ်လုပ်သူများနှင့် ကုန်တင်ကားများအထိ စားသောက်ကုန်လုပ်ငန်းအများအပြားပါဝင်ပါသည်။ အဖွဲ့ဝင်များတွင် Fresh Produce Consortium၊ Chilled Food Association၊ Dairy UK နှင့် Road Haulage Association တို့ပါဝင်သည်။ ၎င်းတို့၏စာတွင် EU နှင့် ဗြိတိန်ကြား ကုန်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေသည်ဟုဖော်ပြထားသည့် နယ်စပ်လုပ်ငန်းစဉ်နှင့်ပတ်သက်သည့် အခြားပြဿနာ ၁၈ခုကိုလည်း မီးမောင်းထိုးပြထားသည်။ ၎င်းတို့တွင် နယ်စပ်ထိန်းချုပ်ရေးစခန်းအများစု၏ ဖွင့်ချိန်များသည် ကန့်သတ်ချက်လွန်ကဲပြီး 24/7 ကုန်သွယ်မှုအတွက် အထောက်အကူမဖြစ်သည့်အပြင် အကူအညီလိုအပ်နေသည့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ၂၄နာရီအကူအညီလိုင်းများနည်းပါးနေသေးကြောင်း တိုင်ကြားမှုများပါဝင်သည်။
ဒိုဗာဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းလာသောတင်သွင်းမှုများကို ဆောင်ရွက်ပေးသည့် Ashford၊ Kent ရှိ အစိုးရ၏ Sevington နယ်စပ်ထိန်းချုပ်ရေးစခန်းသည် တစ်ခုတည်းသော 24/7 နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည်။ အဆိုပါစာတွင် ဥရောပ/အာရှတိုက်ကြီးများမှ တိရစ္ဆာန်ထွက်ကုန်များတင်သွင်းသည့် တင်သွင်းသူများအပေါ် ကောက်ခံသည့် စရိတ်စကများကိုရည်ရွယ်ပြီး တချို့ကိစ္စများတွင်အခွန်ကောက်ခံမှုမြင့်မားခြင်းကြောင့် တချို့သောသွင်းကုန်များသည် စီးပွားဖြစ်မဖြစ်နိုင်ဟု အငြင်းပွားမှုများဖြစ်လာခဲ့သည်။ အစားအသောက်နှင့်အပင်များကို တင်သွင်းသူများသည် နယ်စပ်ဂိတ်စစ်ဆေးမှုများတွင် စစ်ဆေးကောက်ခံမှုများကြောင့် တချို့သော ကုန်စည်ပို့ဆောင်ရေးကုမ္မဏီများက သယ်ယူပို့ဆောင်စရိတ်အတွက် ၆၀ရာခိုင်နှုန်းအထိတိုးလာသည်ဟုဆိုကြသည်။
၎င်းက "ဥရောပသမဂ္ဂမှ ပို့ကုန်လုပ်ငန်းရှင်များသည် လက်ရှိထောက်ပံ့ရေးစာချုပ်များ သက်တမ်းကုန်ဆုံးချိန်တွင် အစိုးရသစ်နှင့်ဆက်စပ်ပြဿနာများ၊ နယ်ပယ်အသစ်များနှင့်စပ်လျဉ်းသည့် ပြဿနာများအပြင် ဂရိတ်ဗြိတိန်ကို ဆက်လက်ထောက်ပံ့ခြင်းရှိ/ မရှိ ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။" UK စားသောက်ကုန်ကုမ္ပဏီများသည် တစ်ခုတည်းသောဈေးကွက်မှ ထွက်ခွာသွားကတည်းက တင်ပို့ရောင်းချသည့်ကုန်စည်များ၏ ကျန်းမာရေးထောက်ခံချက်လက်မှတ်များအတွက် ပေါင် 205သန်းကျော်ကို ခွဲခြမ်းစိတ်ဖြာပေးခဲ့ကြောင်း၊ စျေးကွက်မှ တရားဝင်ထွက်ခွာပြီးနောက် EU သည် တိရစ္ဆာန်များ၏ မူရင်းအစားအစာတင်ပို့သူများအတွက် vets များစစ်ဆေးခြင်းနှင့် တင်ပို့ခြင်းကျန်းမာရေးလက်မှတ်များ (EHCs) ရရှိရန် တောင်းဆိုခဲ့သည်။ ပတ်ဝန်းကျင်၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဌာန (Defra) သို့ လွတ်လပ်စွာ သတင်းအချက်အလက်များတောင်းဆိုမှုအပေါ် အခြေခံထားသည့် SPS ခွဲခြမ်းစိတ်ဖြာမှုတွင် ပို့ကုန်လုပ်ငန်းရှင်များက EHCs 1m ကျော်တောင်းဆိုထားကြောင်းတွေ့ရှိခဲ့သည်။ အပိုကုန်ကျစရိတ်များနှင့် ဗျူရိုကရေစီကြောင့် ယူကေသို့တင်ပို့ရောင်းချခြင်းကို အီးယူကုမ္ပဏီတချို့က ဇန်နဝါရီတွင် အပြန်အလှန်အစီအမံများယူဆောင်လာခဲ့ပြီး ဗြိတိန်သည် ဇန်နဝါရီတွင် အပြန်အလှန်အစီအမံများချမှတ်ခဲ့သည်။ ယူကေအစိုးရသည် ဓာတ်ခွဲခန်းတွင် စမ်းသပ်နိုင်စွမ်းရှိသည်ဟုယုံကြည်ကြောင်းနှင့် အထူးကုဓာတ်ခွဲခန်းများလိုအပ်သည့် အခြေအနေမျိုးတွင် ဓာတ်ခွဲခန်းများကို အခြားဓာတ်ခွဲခန်းများသို့ စာချုပ်ချုပ်ရန်မှာ သာမာန်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ၎င်းက "ယူကေ၏ဇီဝလုံခြုံရေးကိုကာကွယ်ခြင်းသည် ကျွန်ုပ်တို့၏ အဓိကဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပြီး၊ စစ်ဆေးမှုများကို ထိရောက်စွာ၊ လျင်မြန်စွာနှင့် သိသာထင်ရှားသော နှောင့်နှေးမှုများမရှိဘဲ ကုန်သည်များနှင့် ထိရောက်စွာလည်ပတ်ကြောင်း သေချာစေရန်အတွက် နယ်စပ်ထိန်းချုပ်ရေးစခန်းများနှင့်လုပ်ဆောင်နေကြောင်း၊ EU နှင့် ယူကေ၏ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးကို မြှင့်တင်ရန်ကြိုးပမ်းနေပြီး စီးပွားရေးလုပ်ငန်းများကိုပံ့ပိုးရန် လက်တွေ့ကျသော ချဉ်းကပ်မှုတစ်ရပ်ကိုလုပ်ဆောင်မည်ဖြစ်သည်။" ဟုပြောကြားခဲ့သည်။
Source-AP
DOCA(မန္တလေး)