Main menu

ပဲခူးတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ တိုင်းဒေသကြီးဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၉-၈-၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန်တွင် ပဲခူးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါအသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ပထမဦးစွာ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်းက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူများ၏အခွင့်အ‌ရေးနှင့်တာဝန်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်းက အွန်လိုင်းမှတစ်ဆင့် ဝယ်ယ ရောင်းချခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ အွန်လိုင်းမှ ဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းမှ လိမ်လည်မှုများ၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှ ဈေးဝယ်ယူရာတွင် စိစစ်သင့်သည့်အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းရောင်းဝယ်မှုပြုလုပ်မည်ဆိုပါက မှတ်ပုံတင်ခြင်ဆိုင်ရာနည်းလမ်းများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးခြင်းပြုလုပ်၍ ကျောင်းသား/ကျောင်းသူများ စားသုံးသူကာကွယ်ရေးဥပဒေများကို အမြဲလေ့လာနိုင်ရေးအတွက် တိုင်းဒေသကြီးဦးစီးမှူးက ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်အား စာကြည့်တိုက်တွင်ထားရှိနိုင်ရန် စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များနှင့် နည်းဥပဒေစာအုပ်များပေးအပ်ခဲ့ပြီး တက်‌ရောက်လာသည့်ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများပါဝင်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

          အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား/ကျောင်းသူ (၄၅၀)ဦးနှင့် ဆရာ/ဆရာ (၅၀)ဦးတက်ရောက်ကာ နံနက် (၁၀:၄၅) နာရီအချိန်တွင် ဟောပြောဆွေးနွေးပွဲပြီးမြောက်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)