Main menu

သနပ္ပင်မြို့နယ်အတွင်း အသားတိုးကြက်မွေးမြူရေးလုပ်ငန်းများ တွက်ခြေကိုက်

Powered by Drupal

        ဈေးကွက်အတွင်း ကြက်သားနှင့် ကြက်ဥဈေးနှုန်းများကောင်းနေသောကြောင့် ပဲခူးတိုင်းဒေသကြီး၊ သနပွင်မြို့နယ်အတွင်း၌ အသားတိုးကြက်နှင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့လုပ်ကိုင်လာကြကြောင်းသိရှိရသည်။ ထိုသို့ ကြက်မွေးမြူရေးခြံများပိုမိုများပြားလာသည့်အနက်  အသားတိုးကြက်မွေးမြူရေးလုပ်ငန်းသည် အချိန်တိုအတွင်း အကျိုးအမြတ်ရရှိနိုင်သောကြောင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းထက် ပိုမိုတွင်ကျယ်စွာလုပ်ကိုင်လာကြကြောင်းသိရှိရသည်။ မွေးမြူသူများအနေဖြင့်လည်း အသားတိုးကြက်မွေးမြူရာတွင် တစ်နိုင်တစ်ပိုင် အကောင်ရေ (၅၀၀/၁၀၀၀) မွေးမြူသူများရှိကြပြီး အကောင်ရေ (၃၀၀၀/၅၀၀၀/၁၀၀၀၀) ထိ စီးပွားဖြစ်မွေးမြူသူများလည်းရှိကြောင်းသိရှိရပါသည်။ အသားတိုးကြက်အနေဖြင့် သားပေါက်မှ ရောင်းချရသည့်အထိ ၄၅ရက်သာကြာမြင့်သောကြောင့် အချိန်တိုတိုနှင့် အမြတ်အစွန်းများများရရှိကြောင်း၊ ၄၅ရက်သားကြက်တစ်ကောင်လျှင် ပိဿာချိန် ၁ပိဿာ၊ ၅၀ကျပ်သားခန့်ရရှိပြီး ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် အစားအစာ၊ ဆေးဝါး၊ လုပ်သားခအပါအဝင် ၉၀၀၀ကျပ်ခန့်ကုန်ကျကြောင်းသိရှိရသည်။ လက်ရှိပေါက်ဈေးအနေဖြင့် ကြက်သားဈေးကောင်းရရှိနေ၍ ၁ပိဿာလျှင် ၁၂၀၀၀ကျပ်ခန့်ရရှိနေပြီး အချိန်တိုအတွင်း အကျိုးအမြတ်ရရှိသော လုပ်ငန်း ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)