Main menu

ပဲခူးမြို့မှ တစ်နိုင်တစ်ပိုင် ကန်စွန်းဥကြော်

Powered by Drupal

        မြန်မာ့အာဟာရအစားအစာတစ်ခုဖြစ်သော ကန်စွန်းဥကို ပြုတ်စားခြင်း၊  ကြော်စားခြင်း ၊ သာကူနှင့်ကျိုစားခြင်း၊ ဟာလဝါမုန့်ပြုလုပ်ခြင်း စသည်ဖြင့် နည်းမျိုးစုံလုပ်စားလေ့ရှိကြပါသည်။ ကန်စွန်းဥတွင် အတွင်းသား လိမ္မော်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်ဟူ၍ (၃) မျိုးရှိရာ ကြော်ရာတွင် ခရမ်းရောင်ကန်စွန်းဥကိုသာ အများဆုံးအသုံးပြုလျက်ရှိပြီး ကုန်ကြမ်းအနေဖြင့် ရှမ်းပြည်တောင်ပိုင်းမှ အဓိကဝယ်ယူကြောင်းသိရှိရပါသည်။ ကန်စွန်းဥကြော်ပြုလုပ်ရာတွင် ကန်စွန်းဥအား ရေဖြင့်သန့်စင်အောင်ဆေး၍ အပေါ်ယံအခွံခွာပြီး စက်ဖြင့်ပါးပါးလှီး၍ စားအုန်းဆီ၊ ဆား၊ ဟင်းခတ်မှုန့်တို့နှင့်ရောကြော်ရပါသည်။ ယခုကဲ့သို့ ကန်စွန်းဥလှိုင်လှိုင်ပေါ်ချိန်တွင်  ကန်စွန်းဥ(၁) ပိဿာလျှင် ကျပ်၁၃၀၀ဖြင့်ဝယ်ယူရပြီး ကန်စွန်းဥ(၁) အိတ်လျှင် အချိန် (၄၀) ပိဿာခန့်ပါရှိပြီး  ကန်စွန်းဥအချိန်  (၄၀) ပိဿာဝင် (၁) အိတ်လျှင် စားအုန်းဆီ (၄) ပိဿာဖြင့်ကြော်ရပြီး လောင်စာဆီခ ၂၀၀၀၀ကျပ်၊ လုပ်သားခ ၁၀၀၀၀ကျပ်ကုန်ကျပါသည်။ ကန်စွန်းဥ(၁)အိတ်လျှင်   ကန်စွန်းဥကြော် ၁၂ပိဿာခန့်ထွက်ရှိကြောင်းသိရှိရသည်။ ကန်စွန်းဥကြော် ၁ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့်ရောင်းချပြီး ၃၀၀ဂရမ်ပါဘူးတစ်ဘူးလျှင် ၅၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး (၂၀၀၀၀)ကျပ်ခန့်အမြတ်ကျန်ကြောင်း ပဲခူးမြို့ ညောင်အင်းကျေးရွာ၊ ဝတုတ်ကြီးအကြော်စုံ လုပ်ငန်းပိုင်ရှင်ထံမှသိရှိရပြီး  ကန်စွန်းဥကြော်များအား ပဲခူးမြို့တွင်းအရောင်းဆိုင်များ၊ ဒေသထွက်ကုန်အရောင်းစင်တာနှင့် ရန်ကုန်မြို့၊ ပုသိမ်မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)