Main menu

အပိုဝင်ငွေရရှိလျက်ရှိသော ထုံးကြီးခရမ်းချဉ်သီးယို

Powered by Drupal

        အိမ်တွင်းတစ်နိုင်တစ်ပိုင်စီးပွားရေးဖြစ်သော ခရမ်းချဉ်သီးယိုများသည် စျေးကွက်အတွင်း၌ စျေးကောင်းများရရှိလျက်ရှိပြီး ဒေသထွက်လက်ဆောင်ဖြစ်ကာ အိမ်ထောင်ရှင်မများအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိလျက်ရှိသော လုပ်ငန်းတစ်ခုဖြစ်သောကြောင့်  ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ထုံးကြီးကျေးရွာတွင်ရှိသော အိမ်ထောင်ရှင်မများအနေဖြင့် ခရမ်းချဉ်သီးယိုလုပ်ငန်းလုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

        ခရမ်းချဉ်သီးယိုပြုလုပ်ရာတွင် လိုအပ်သောပစ္စည်းများမှာ သကြားနှင့်ခရမ်းချဉ်သီးဖြစ်၍ ထုတ်လုပ်ပုံအဆင့်အဆင့်မှာ ခရမ်းချဉ်သီးကိုခွဲ၍ အသီးမာကျောစေရန်၊ မှိုမတက်စေရန်၊ အချဉ်ဓာတ်အနည်းငယ်ရရှိစေရန် ထုံးရေကြည်၊ ကျောက်ချဉ်ရေစိမ်ပြီး ညနေအချိန်၌ ရေစစ်ထားရပါသည်။ ယိုထိုးရာ၌ တစ်ဒယ်တွင် ခရမ်းချဉ်သီး ၅ပိဿာ၊ သကြား ၃ပိဿာအသုံးပြုပြီး တစ်နာရီခန့်ထိုးရပါသည်။ ထိုးပြီးသောယိုများကို ရေစစ်ထားသောနှီးဇကာ၌ နာရီဝက်ခန့်အအေးခံပြီး အရိပ်ရသည့်နေရာတွင်ဖြန့်၍           ၃ရက်လှန်းပေးရပါသည်။ ထုပ်ပိုးမှုပုံစံအနေဖြင့် ပလတ်စတစ်အိတ်ဖြင့်ထည့်သွင်းပြီး ပလတ်စတစ်ဘူးဖြင့် အသုံးပြုပါသည်။ သယ်ယူပို့ဆောင်ခအပါအဝင် ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ၁ပိဿာလျှင် (၁၆၀၀၀)ကျပ်ခန့်ကုန်ကျပြီး၊ ရောင်းဈေးမှာ ၁ပိဿာလျှင်(၂၀၀၀၀)ကျပ်ခန့်ရှိပါသည်။ ပြန်လည်ရောင်းချသည့်စျေးနှုန်းမှာ ၂၅ကျပ်သား ၁ဘူးလျှင် ၅၀၀၀ကျပ်ဖြစ်၍ အကျိုးအမြတ်အနေဖြင့် တစ်ပိဿာလျှင် ၄၀၀၀ကျပ်ရရှိကြောင်း၊ ကုန်ကြမ်းရရှိမှုမှာ ဒေသတွင်းထွက်ရှိချိန်တွင် ခရမ်း၊ သက္ကလ၊ ပဲခူးနှင့် ဘိုင်းဒါးဒေသများမှ ဝယ်ယူပြီး၊  အခြားအချိန်တွင် ရှမ်းပြည်ဘက်မှ အင်းသီးများကို အိမ်အရောက်မှာယူအသုံးပြုပါသည်။ ထုတ်လုပ်မှုပမာဏအားဖြင့် ကုန်ကြမ်း ၅ပိဿာတွင် ကုန်ချော ၂ပိဿာ၊ ၇၀ကျပ်သားရရှိပြီး တစ်နေ့ထုတ်လုပ်မည်ဆိုပါက ၈ပိဿာကျော်ထုတ်လုပ်နိုင်ပါသည်။ စျေးကွက်အခြေအနေအားဖြင့် ဒေသတွင်းနှင့် ရန်ကုန်မြို့သို့တင်ပို့ရောင်းချလျက်ရှိနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)