မွန်ပြည်နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရော်ဘာစိုက်ဧကမှာ ၅၀၂၁၄၁ ဧကရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရော်ဘာစိုက်ဧကမှာ ၅၀၁၇၁၈ ဧကရှိသည့်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ထက် စိုက်ဧက (၄၂၃) ဧက ကျဆင်းလာကြောင်း တွေ့ရှိရသည်။
ပြည်နယ်အတွင်း အရောင်းအဝယ်ဖြစ်သည့် ရော်ဘာထွက်ကုန်ပစ္စည်းအမျိုးအစားများမှာ TSR, Crump Rubber များအား ပြုပြင်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့ခြင်းအား ဆောင်ရွက်ပြီး RSS-3 ရော်ဘာအား ပြည်တွင်းရောင်းဝယ်မှုနှင့် ပြည်ပတင်ပို့မှုပုံစံဖြင့်လည်းကောင်း၊ အထူးပြားများ၊ ခွက်ကပ်များ၊ ဆွဲဖတ်များကို လုပ်သားစရိတတ်လျှော့ချနိုင်ရေးအတွက် TSR ထုတ်စက်ရုံများသို့ ပေးပို့ရောင်းဝယ်မှုများရှိကြောင်း သိရှိရသည်။ ယခင်နှစ် RSS-3 ရော်ဘာတစ်ပေါင်ဈေးနှုန်းမှာ ကျပ် ၈၂၀မှ ၉၀၀ ဝန်းကျင်ခန့်သာရှိခဲ့သည့်အတွက် တောင်သူများအကျိုးအမြတ်နည်းခဲ့သည်။
မွန်ပြည်နယ်၏ ရော်ဘာဈေးနှုန်းအခြေအနေမှာ ယခုတစ်ပတ်တွင် RSS-3 တစ်ပေါင် ၁၂၀၀ ကျပ် ပေါက်ဈေးဖြစ်ပေါ်နေပြီး ယခင်တစ်ပတ်ဈေးနှုန်း ကျပ် ၁၂၄၀ ရှိပြီး ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ၄၀ ကျပ် ခန့် ဈေးနှုန်းကျဆင်းလာပြီး ယခင်နှစ်အလားတူ ကာလ RSS-3 တစ်ပေါင်ကျပ် ၉၀၀ ကျပ်နှင့်နှိုင်းယှဉ်ပါက ယခင်နှစ်ဈေးနှုန်းထက် တစ်ပေါင်လျှင် ကျပ် ၃၀၀ ခန့်ဈေးနှုန်းမြင့်တက်လာကြောင်း တွေ့ရှိရသည်။
DOCA(မွန်)