Main menu

ကရင်ပြည်နယ် ဘားအံမြို့ပေါ်ရှိ မီးသွေးဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၄ခုနှစ်၊ မိုးရာသီဩဂုတ်လတွင် ကရင်ပြည်နယ်ဒေသထွက် လောင်စာမီးသွေး ဈေးနှုန်း အနည်းငယ်မြင့်တက်နေကြောင်း သိရှိရသည်။                                                       

     ၂၀၂၄ ခုနှစ်၊ ဇူလိုင်လစတုတ္ထပတ်အတွင်း ဘားအံမြို့တွင် ဖြစ်ပေါ်ခဲ့သောမီးသွေး ဈေးနှုန်းများမှာ နောင်လုံကျော့ကျေးရွာ မီးသွေးတစ်အိတ်ဈေးနှုန်း (၁၁၀၀၀)ကျပ်၊ ကမမောင်းမီးသွေး တစ်အိတ် (၁၁၀၀၀)ကျပ်၊ နောင်ဘိုးကြီး မီးသွေးတစ်အိတ်ဈေးနှုန်း (၉၀၀၀)ကျပ် နှင့် ယခုလ တွင် နောင်လုံကျော့ကျေးရွာမီးသွေး တစ်အိတ်ဈေးနှုန်း (၁၂၀၀၀၊၁၃၀၀၀)ကျပ်၊ ကမမောင်းမီးသွေး တစ်အိတ်(၁၂၀၀၀၊၁၃၀၀၀)ကျပ်၊ နောင်ဘိုးကြီးကျေးရွာ မီးသွေးတစ်အိတ်ဈေးနှုန်း (၁၀၀၀၀၊ ၁၁၀၀၀)ကျပ်တို့ဖြင့် အများပြည်သူများ ရောင်းဝယ်အသုံးပြုလျက်ရှိပါသည်။  

     ကရင်ပြည်နယ်ဒေသအတွင် ဖြစ်ပေါ်နေသော ဇူလိုင်လ စတုတ္ထပတ်နှင့်ဩဂုတ်လဒုတိယပတ် ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့အတွင် မီးသွေးဈေးနှုန်းအနည်းငယ် မြင့်တက်နေသည်ကို တွေ့ရှိရသည်။ ယခုလို မီးသွေးဈေးနှုန်းအနည်းငယ် မြင့်တက်ရခြင်းမှာ သယ်ယူကုန်ကျစရိတ်များခြင်းတို့ကြောင့်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)