Main menu

မြို့သစ်မြို့နယ်တွင် (မိုး)နှမ်းသီးနှံ စတင်ရိတ်သိမ်း

Powered by Drupal

     မကွေးတိုင်းဒေသကြီးသည် နှမ်းနှင့်ပဲမျိုးစုံကို အဓိကထားစိုက်ပျိုးထွက်ရှိသော ဒေသတစ်ခု ဖြစ်ပြီး မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ရုံးတော၊ ဝါးကြီးအိုင့်၊ ကွင်း၊ ဖန်ခါးပင်နှင့် ငွေလေးစသည့် ကျေးရွာများတွင် (မိုး) နှမ်း စိုက်ဧကပေါင်း (၂၀၀၀၀)ကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။

     စိုက်ပျိုးမှုအနေဖြင့် (မိုး)နှမ်းကို မိုးဦးကျကာလဖြစ်သည့် မေလဆန်းပိုင်းတွင် စတင်စိုက်ပျိုးလေ့ရှိပြီး ဩဂုတ်လဆန်းပိုင်းတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် နှမ်းနက်(စမုန်)၊ နှမ်းဖြူ(ဂျပန်)၊ နှမ်းဖြူ(ခြုံ)နှင့် နှမ်းနီမျိုးများကို စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခအပါအဝင် (၁)ဧကလျှင် စုစုပေါင်း ကျပ်(၇၅၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧက လျှင် (၁၂)တင်းခန့်ထွက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် နှမ်းဖြူ(ဂျပန်)(၁)တင်းလျှင် ကျပ်(၁၄၀၀၀၀-၁၅၅၀၀၀)၊ နှမ်းဖြူ(ခြုံ)(၁)တင်းလျှင် ကျပ်(၁၃၈၀၀၀-၁၄၁၀၀၀)၊ နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၃၃၀၀၀-၁၃၅၀၀၀)၊ နှမ်းနက်(စမုန်)(၁)တင်းလျှင် ကျပ်(၁၈၅၀၀၀-၁၉၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် နှမ်းနက်(စမုန်) ကျပ်(၁၄၇၀၀၀၀)၊ နှမ်းဖြူ(ဂျပန်) ကျပ်(၉၃၀၀၀၀)၊ နှမ်းဖြူ(ခြုံ)ကျပ်(၉၀၆၀၀၀)၊ နှမ်းနီ ကျပ်(၈၄၆၀၀၀)ခန့်ရရှိကြောင်း၊ ဈေးကွက် အနေဖြင့် မကွေးမြို့၊ နတ်မောက်မြို့၊ မြို့သစ်မြို့နှင့် တောင်တွင်းကြီးမြို့တို့ရှိ ပွဲရုံများနှင့် နှမ်းလှော်ဖိုများသို့ ရောင်းချကြပြီး ပွဲရုံများမှတဆင့် မန္တလေးမြို့နှင့် ရန်ကုန်မြို့များသို့လည်းကောင်း၊ မကွေးမြို့ မဟူရာ Energy ကုမ္ပဏီမှ Value added ပြုလုပ်ထားသော မြန်မာ့နှမ်းလှော်မုန့်များကို ကိုရီးယားနိုင်ငံသို့လည်းကောင်း တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်တွင် ရာသီဥတုဒဏ်ကြောင့် နှမ်းအထွက်နှုန်း အနည်းငယ်ကျဆင်းသော်လည်း ဈေးကောင်းရရှိသောကြောင့် နှမ်းစိုက်တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရသည်။

DOCA(မကွေး)