Main menu

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥနှင့် ငုံးဥဈေးနှုန်းများမြင့်တက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင်  ကြက်ဥ၊ ဘဲဥ၊ ငုံးဥနှင့်ဆေးဘဲဥများကို မကွေးမြို့နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

    သယ်ယူစရိတ်ဈေးမြင့်မားလာခြင်းကြောင့် ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥနှင့် ငုံးဥဈေးနှုန်းတို့မှာ မြင့်တက်လာရခြင်းဖြစ်ပြီး ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် ကြက်ဥအလုံးကြီး (၁၀) လုံးလျှင် ကျပ်(၃၅၀၀)၊ အလုံးအလတ် (၁၀)လုံးလျှင် ကျပ်(၃၃၀၀)၊ ငုံးဥ(၂၁)လုံးလျှင် ကျပ်(၂၀၀၀)၊ ဆေးဘဲဥ (၁၀)လုံးလျှင် ကျပ်(၄၅၀၀)၊ ဘဲဥ ကျပ်(၄၀၀၀)ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် (ပထမပတ်)နှင့် နှိုင်းယှဉ်လျှင် ကြက်ဥ  ကျပ်(၃၀၀)၊ ဘဲဥ ကျပ်(၃၀၀)၊ ဆေးဘဲဥ ကျပ်(၂၀၀)၊ ငုံးဥ ကျပ်(၅၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း သိရပါသည်။

DOCA(မကွေး)