
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ခရမ်းချဉ်သီးကို သရက်မြို့၊ တောင်တွင်းကြီးမြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှ အများဆုံးမှာယူရောင်းချကြောင်း သိရသည်။
မင်းလှမြို့နယ်၌ ယခုအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှဝင်ရောက်လာသော ခရမ်းချဉ်သီးများ အများဆုံးအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် အလုံးကြီး(၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ အလုံးလတ်(၁)ပိဿာလျှင် ကျပ်(၂၃၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်(ပထမပတ်)နှင့် နှိုင်းယှဉ်လျှင် ကျပ်(၃၀၀) ဈေးနှုန်းကျဆင်းလာကြောင်း သိရပါသည်။
DOCA(မကွေး)