Main menu

တောင်ငူမြို့၊ နည်းပညာတက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး၊ ဦးမျိုးအောင်သည် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၉ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ နည်းပညာတက္ကသိုလ်(တောင်ငူ)မှ ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

      ဟောပြောပွဲတွင် နည်းပညာတက္ကသိုလ်(တောင်ငူ)၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းဝန်ဆောင်မှုကို အရေးကြီးကုန်စည်အဖြစ်သတ်မှတ်၍ အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများကို လုပ်ငန်းဆောင်ရွက်ခွင့်ပြုမှတ်ပုံတင်လျှောက်ထားစေပြီး အွန်လိုင်းလိမ်လည်မှုမဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်ထားသည့်အခြေအနေများ၊ အွန်လိုင်းဝန်ဆောင်မှုအပါအဝင် ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားဆောင်ရွက်နိုင်ခြင်းနှင့် ဖြေရှင်းဆောင်ရွက်ပေးသည့်အခြေနေများကို အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပါသည်။

      ထို့နောက် ခရိုင်ဦးစီးမှူးသည် တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ဆရာ/ ဆရာမနှင့် ကျောင်းသား/ကျောင်းသူ ၂၄၆ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)