Main menu

အုတ်တွင်းမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ သိသင့်သိထိုက်သည့်ဗဟုသုတများ အသိပညာပေး ဟောပြောပွဲများကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၈ရက်နေ့၊ နံနက်ပိုင်းတွင် အုတ်တွင်းမြို့၊ ပဲခူးလမ်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကြက်သွန်ခင်း(၁)ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်က စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

       ဟောပြောပွဲများတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဌာနခွဲတာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူသုံးစွဲရန်အရေးကြီးပုံများ၊ အွန်လိုင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

         ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြိုန့ယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက ကျောင်းသား/ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာဆိုင်ရာအသိပညာပေးဟော​ပြောခဲ့ပြီး ဟောပြောပွဲသို့ ပဲခူးလမ်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းသား/ ကျောင်းသူ  ၆၄ဦး၊ ကြက်သွန်ခင်း(၁)ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၏ကျောင်းသူ ၄၅ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)