Main menu

မုံရွာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော သီးနှံပေါက်စျေးနှုန်းများ

Powered by Drupal

            မုံရွာကုန်စည်ဒိုင်၌ မတ်လ ဒုတိယအပတ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော သီးနှံပေါက်စျေးနှုန်းများမှာ ဂျုံဖြူသန့်တစ်တင်း ကျပ်၃၉၀၀၀၊ ဂျုံထွက်တိုးတစ်တင်း ကျပ်၃၄၇၀၀၊ ကုလားပဲထိုင်ဝမ်တစ်တင်း ကျပ်၄၀၀၀၀၊ ကုလားပဲ 929 တစ်တင်း ကျပ်၄၀၃၀၀၊ ကုလားပဲV2 တစ်တင်း ကျပ်၄၂၅၀၀၊ ပဲစဉ်းငုံတစ်တင်း ကျပ်၄၃၇၀၀၊ ပဲတီစိမ်းကြီး တစ်တင်း ကျပ်၃၆၀၀၀၊ ပဲကြီးတစ်တင်း ကျပ်၅၂၀၀၀မှ ကျပ်၅၇၀၀၀ထိ၊ ပဲနီလုံးရိုးရိုးတစ်တင်း ကျပ်၄၀၂၀၀၊ မလွမ်းပိုတစ်တင်း ကျပ်၄၂၀၀၀၊ မတ်ပဲတစ်တင်း ကျပ်၄၅၅၀၀၊ ပုဂံပဲတစ်တင်း ကျပ်၅၅၀၀၀၊ မြေထောက်ပဲတစ်တင်း ကျပ်၅၄၅၀၀၊ ထောပတ်ပဲ တစ်တင်း ကျပ်၄၀၀၀၀မှ ကျပ်၄၂၀၀၀ထိ၊ ပဲလွန်းပြာတစ်တင်း ကျပ်၃၂၈၀၀၊ CPပြောင်းဖူး စေ့တစ်တင်း ကျပ်၁၆၃၀၀၊ ပြောင်းနီတစ်တင်း ကျပ်၁၂၀၀၀၊ ဆန်ပြောင်းဖြူတစ်တင်း ကျပ်၁၃၅၀၀၊ ဆီထွက်သီးနှံဖြစ်သော နှမ်းဖြူတစ်တင်း ကျပ်၅၁၀၀၀မှ ကျပ်၅၉၀၀၀ထိ၊ နှမ်းနက်တစ်တင်း ကျပ်၆၅၀၀၀မှ ကျပ်၇၇၀၀၀ထိ၊ နှမ်းညို၊ နှမ်းနီ၊ နှမ်းဝါများမှာ တစ်တင်း ကျပ်၅၂၅၀၀နှုန်း၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၃၅၀၀မှ ၃၆၅၀၊ မြေပဲလုံးဆံနီ တစ်ပိဿာ ကျပ်၃၄၀၀၊ မြေပဲဖတ်တစ်ပိဿာ ကျပ် ၁၅၃၀၊ နှမ်းဖတ်တစ်ပိဿာ ကျပ်၁၁၅၀၊ နေကြာဖတ်တစ်ပိဿာ ကျပ်၉၅၀နှုန်းဖြင့် အသီးသီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

            သီးနှံပေါက်စျေးနှုန်းများမှာ ယခင်လကာလတူ အချိန်နှင့်နှိုင်းယှဉ်ပါက ပေါက်စျေးနှုန်းများ မြင့်တက်လာကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)