Main menu

ပြည်ကုန်စည်ဒိုင်၏ ဩဂုတ်လ ပထမပတ်ဈေးနှုန်း

Powered by Drupal

        ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံသီးနှံများဖြစ်သော မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲဈေးနှုန်းများမှာ ဈေးနှုန်းမြင့်တက်လျက်ရှိပါသည်။

မတ်ပဲ

         ပြည်ကုန်စည်ဒိုင်၏ ဩဂုတ်လ ပထမပတ်တွင် မတ်ပဲတစ်တင်းကို ၁၁၂၀၀၀ကျပ်ဖြင့် တစ်ရက်လျှင် အိတ်(၁၅၀-၂၀၀)ခန့် ရန်ကုန်အဝယ်ရှိပြီး မတ်ပဲဈေးမှာ မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။

ပဲတီစိမ်း

        ပဲတီစိမ်းသစ်များမှာ ပန်းတောင်းဘက်မှအဝင်ရှိပြီး တစ်ရက်လျှင် အိတ် (၁၀၀-၂၀၀) ခန့်အဝင်ရှိပါသည်။ ပဲတီစိမ်းသစ်တစ်တင်းကို (၅၅၀၀၀-၆၀၀၀၀) ကျပ်ဖြင့်  စတင် ဈေးဖွင့်၍ အဝယ်ရှိခဲ့ပါသည်။ တစ်ရက်အရောင်းအဝယ်ဖြစ်မှုမှာ အိတ် ၁၀၀ခန့်သာအဝယ်ရှိခဲ့ပါသည်။

ပဲစင်းငုံ

        ပဲစင်းငုံတစ်တင်းဈေးမှာ (၁၃၇၅၀၀-၁၃၈၀၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်၂၀၀ခန့်အဝယ်ရှိခဲ့ပါသည်။

ကုလားပဲ

    ကုလားပဲ(HL) တစ်တင်းကို (၈၇၀၀၀-၈၈၀၀၀-၈၈၅၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းကို (၉၀၀၀၀-၉၁၀၀၀) ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်(၁၅၀/၂၀၀) ခန့်အဝယ်ရှိပါသည်။

ပဲကြီး

         ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၈၉၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းကို ၈၄၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများတစ်ရက်လျှင် အဝယ် ၁၅၀အိတ်ခန့်ရှိပါသည်။

ဘိုကိတ်

         ဘိုကိတ်ပဲတစ်တင်းကို (၉၂၀၀၀-၉၃၀၀၀) ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၁၀၀/၁၅၀) ခန့်ရှိပါသည်။

         ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှုမှာ သွက်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)