Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံမျိုးစုံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်သည် အောင်လံမြို့နှင့်သရက်မြို့နယ် တို့မှထွက်ရှိသည့်သီးနှံများ နေ့စဉ်အရောင်းအဝယ်ပြုလုပ်သည့် ကုန်စည်ဒိုင်တစ်ခုဖြစ်ပါသည်။

နှမ်းသီးနှံဈေးနှုန်း ဈေးကွက်အခြေအနေ

     ယခုအချိန်သည် နှမ်းသီးနှံအသစ်များထွက်ရှိမှုမရှိသေးပဲ သီးနှံအဟောင်းများကိုသာ ဝယ်သို ကုန်သည်များမှ အရောင်းအဝယ်ပြုလျက်ရှိရာ ယခု၂၀၂၄ခုနှစ်၊ သြဂုတ်လ(ပထမပတ်)အတွင်းတွင် နှမ်းနက်စမုံမှာ (၄၅)ပိဿာဝင်(၁)အိတ်လျှင် အနိမ့်ဈေး ကျပ်(၄၇၀၀၀၀) အမြင့်ဈေး ကျပ် (၅၀၀၀၀၀) အထိ ဖြစ်ပေါ်လျက်ရှိပြီး (၄၅)ပိဿာဝင် အိတ်ရေ(၂၅၀)အိတ်အရောင်းအဝယ် ရှိခဲ့ပါသည်။

ပဲမျိုးစုံသီးနှံဈေးနှုန်း၊ ဈေးကွက်အခြေအနေ

    ပဲစဉ်းငုံမှာ ယခုတစ်ပတ်အတွင်းတွင် (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၁၃၇၂၀၀) အမြင့်ဈေး ကျပ် (၁၄၀၀၀၀)ဈေးနှုန်းဖြင့် ဝယ်သိုကုန်သည်များမှ တင်း(၄၅၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။

    မတ်ပဲမှာ ယခုအပတ်အတွင်းတွင် (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၁၀၈၀၀၀) အမြင့်ဈေး ကျပ်(၁၀၉၀၀၀)ဈေးနှုန်းရှိခဲ့ပြီး ယခင်ဇူလိုင်လ(စတုတ္ထပတ်)ထက် (၁)တင်းလျှင် ကျပ်(၂၀၀၀-၃၀၀၀) မြင့်တက်ခဲ့ပြီး တင်း(၂၇၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။

    ပဲတီစိမ်းမှာ သီးနှံအသစ်များစတင် ထွက်ရှိလျက်ရှိရာ ယခု သြဂုတ်လ(ပထမပတ်)အတွင်းတွင် မိုးအနည်းငယ်ရွာသွန်းခြင်းကြောင့် စိုစွတ်သီးနှံများကို အနိမ့်ဈေး ကျပ်(၄၀၀၀၀)ဈေးနှုန်းဖြင့် အရောင်း အဝယ်ရှိခဲ့ပြီး သီးနှံအခြောက် ထိပ်စကို အမြင့်ဈေး ကျပ်(၆၄၀၀၀)ဈေးနှုန်းဖြင့် စုစုပေါင်း တင်း(၃၃၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။

    ကုလားပဲ(HL)မှာ ယခုတစ်ပတ်အတွင်းတွင် (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၈၆၀၀၀) အမြင့်ဈေး ကျပ်(၈၈၀၀၀)အထိဈေးနှုန်းရှိခဲ့ပြီး တင်း (၆၄၅)တင်းနှင့် ကုလားပဲ(မြကြေး)မှာ (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၈၈၀၀၀) အမြင့်ဈေး ကျပ်(၈၈၅၀၀) အထိဈေးနှုန်းရှိခဲ့ပြီး တင်း(၄၀၅)တင်း အရောင်းအဝယ် ရှိခဲ့ပါသည်။ ကုလားပဲ(HL)နှင့် ကုလားပဲ(မြကြေး)တို့မှာ (၁)တင်းလျှင် ဇူလိုင်လ (စတုတ္ထပတ်)ထက် ကျပ်(၂၀၀၀-၃၀၀၀) မြင့်တက်ခဲ့ပါသည်။

    ပဲကြီးသီးနှံမှာ ဝယ်သိုကုန်သည်များတွင် လက်ကျန်အနည်းငယ်မျှသာရှိနေပါကြောင်း ဈေးနှုန်းမှာ ယခုတစ်ပတ်အတွင်း (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၈၀၀၀၀) အမြင့်ဈေး ကျပ်(၈၅၀၀၀)ဈေးနှုန်းရှိပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိရာ ယခုတစ်ပတ်အတွင်းတွင် တင်း(၁၃၅)တင်းအရောင်းအဝယ်ရှိခဲ့ပါသည်။

ဝါသီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

    ဝါသီးနှံအနေဖြင့်ယခုရာသီတွင် ဝါကို သိုလှောင်ကုန်သည်များမှ ဈေးနှုန်းအတက်အကျကို စောင့် ဆိုင်းလျက် အရောင်းအဝယ်ပြုလျက်ရှိရာ ယခုတစ်ပတ်အတွင်းတွင် ဝါ(၁)ပိဿာလျှင် ကျပ်(၃၀၀၀ မှ ၃၁၀၀)ဈေးနှုန်းရှိခဲ့ပြီး ယခင်အပတ်အတိုင်း ဈေးနှုန်းပြောင်းလဲခြင်းမရှိပဲ ဝါပိဿာချိန်(၄၈၀၀) ပိဿာ ခန့်အား မန္တလေးမြို့သို့တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။

    အောင်လံကုန်စည်ဒိုင်အနေဖြင့် ယခုသြဂုတ်လ(ပထမပတ်)အတွင်းတွင် နှမ်းနှင့် ပဲတီစိမ်း မှာ စုစုပေါင်းတန်ချိန်(၁၂၆.၁)တန်ခန့် မန္တလေးမြို့သို့လည်းကောင်း၊ ပဲစဉ်းငုံနီ၊ မတ်ပဲ၊ ကုလားပဲ (HL)နှင့် ကုလားပဲ(မြကြေး)တို့ကို ရန်ကုန်မြို့သို့ စုစုပေါင်းတန်ချိန်(၄၇.၈)တန်ခန့်လည်းကောင်း တင်ပို့ရောင်းချနိုင်ခဲ့ပြီး ကျန်ပဲသီးနှံများဖြစ်သည့် ပဲကြီး၊ ကုလားပဲ(HL)နှင့် ကုလားပဲ(မြကြေး)အနည်းငယ်တို့အား အောင်လံမြို့နယ်အတွင်းရှိ ခွဲစက်များနှင့် ပဲကြော်၊ ပဲလှော်လုပ်ငန်းများသို့ ရောင်းချ‌ပေးခဲ့ရပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)