Main menu

မိုးခရမ်းချဉ်သီးများ ဈေးနှုန်းမြင့်တက်လျက် အရောင်းအဝယ်ဖြစ်

Powered by Drupal

    ခရမ်းချဉ်သီးကို မိုးခရမ်းချဉ်သီးနှင့် ဆောင်းခရမ်းချဉ်သီးဟူ၍ (၂)မျိုးရှိပြီး ပြည်ခရိုင်တွင် ဆောင်းခရမ်းချဉ်ကိုသာ အဓိကထား၍စိုက်ပျိုးကြပါသည်။ မိုးရာသီတွင် အရောင်းအဝယ်ဖြစ်သော ခရမ်းချဉ်သီးမှာ ရှမ်းပြည်နယ်မှဝင်ရောက်လာသော ခရမ်းချဉ်သီးများဖြစ်ပြီး ဒေသတွင်း တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးသောဒေသမျိုးများဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် ခရမ်းချဉ်သီးကို မိုးရာသီ၌ စိုက်ပျိုးလျှင် အောင်မြင်မှုနည်းသဖြင့် အနည်းငယ်သာစိုက်ပျိုးကြပါသည်။ မိုးတွင်းတွင်ထွက်ပေါ် လာသော ခရမ်းချဉ်သီး၏အားသာချက်မှာ ခရမ်းချဉ်သီးဈေးကောင်းရရှိ၍ စိုက်ပျိုးကြသော်လည်း မိုးများလျှင် အထွက်နည်းတတ်သည်ဟုသိရပါသည်။ ယခုအခါတွင် ခရမ်းချဉ်သီးကို ကျေးလက်နှင့် မြို့ပြများ၌ စားသုံးမှုများလာခြင်းတို့ကြောင့် ခရမ်းချဉ်သီးဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ ယခင်နှစ် ဆောင်းခရမ်းချဉ်သီးပေါ်စအချိန်တွင် ကိုင်းခရမ်းချဉ်သီးတစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့်ရောင်းချခဲ့ပြီး အထွက်လှိုင်ချိန်တွင် တစ်ပိဿာကို ၁၅၀၀ကျပ်ဈေးအထိဈေးနှုန်းထိုးကျလာခဲ့ပါသည်။ ယခုနှစ်မိုးရာသီ သြဂုတ်လ၊ ဒုတိယအပတ်တွင် ခရမ်းချဉ်သီးများထွက်ပေါ်မှုမရှိဘဲ ရှမ်းပြည်နယ်မှဝင်ရောက်လာသော ခရမ်းချဉ်သီးကိုသာရောင်းချသဖြင့် တစ်ပိဿာလျှင် ၄၀၀၀ကျပ်ဖြင့်ရောင်းချကြပြီး ဒေသတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးသောဒေသမျိုးမှာ တစ်ပိဿာလျှင် ၅၀၀၀ကျပ်အထိ ဈေးကောင်းရနေကြောင်းသိရှိရပါသည်။ ခရမ်းချဉ်သီးဈေးကောင်းနေသော်လည်း စားသုံးမှုများသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)