Main menu

ဆန်ဆိုင်နှင့် ပွဲရုံဂိုဒေါင်များတွင် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုသည် ခရိုင်ဦးစီးမှူးရုံးမှ ပြည်တွင်းဌာနတာဝန်ခံ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့နှင့်အတူ (၉-၈-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် လက်ပံတန်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဆန်လက်လီ/ လက်ကားအရောင်းဆိုင်များ၊ ဆန်ပွဲရုံ၊ ဂိုဒေါင်များသို့သွားရောက်၍ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများနှင့်ရောင်းချမှုရှိ/ မရှိ၊ ဆန်လက်ကျန်ကျန်ရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ရာ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)