Main menu

ရာသီစာ မန်ကျည်းသီး

Powered by Drupal

       ရာသီစာ မန်ကျည်းသီးစိမ်းများ ဈေးကွက်အတွင်း၌ လှိုင်လှိုင်ပေါ်လာပြီဖြစ်ရာ ပေါ်ကာစအချိန် မန်ကျည်းသီးစိမ်းဈေးနှုန်းမှာ တစ်ဆယ်ကျပ်သားလျှင် ၂၀၀၀ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ရှိနေခဲ့သော်လည်း သြဂုတ်လ၊ ဒုတိယအပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်ဈေးနှုန်းသို့ကျဆင်းလာခဲ့ပါသည်။ စားသုံးသူများအနေဖြင့် ရာသီစာသီးနှံလည်းဖြစ်ပြီး သဘာဝအလျောက် အပင်ကြီးများမှ အသီးသီးလာခြင်းဖြစ်၍ ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်ပါသည်။ မန်ကျည်းသီးမှည့်ဈေးကွက်အနေဖြင့် ယခင်နှစ် သြဂုတ်လတွင် အစေ့မပါတစ်ပိဿာလျှင် (၃၅၀၀) ကျပ်မှ (၄၀၀၀)ကျပ်ဈေးနှုန်းဖြင့် ယခုနှစ် သြဂုတ်လ၊ ဒုတိယအပတ်တွင် ၆၀၀၀ကျပ်မှ ၇၀၀၀ကျပ်ဈေးနှုန်းဖြင့် ဈေးနှုန်းအတက်အကျမရှိဘဲ ဈေးငြိမ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)