Main menu

ပခုက္ကူဈေးကွက်တွင် ကျွန်းစားတော်ပဲများဈေးကောင်းရ၍ အရောင်းအဝယ်သွက်နေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ပဲဈေးကွက်တွင် ပြည်တွင်းစားသုံးမှု မြင့်မား လျက်ရှိသော စားတော်ပဲများဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပဲဈေးကွက်သို့ စားတော်ပဲစိုက်ပျိုးမှုများသော ဂန့်ဂေါခရိုင်၊ ယောနယ် ဒေသများဖြစ်သည့် ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်ဒေသများနှင့် ရေနံချောင်းမြို့မှ စားတော်ပဲများ ပခုက္ကူမြို့ပေါ်ရှိ ပွဲရုံများသို့ ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပွဲရုံများမှတစ်ဆင့် ဒေသတွင်းစားသုံးသူများထံသို့  တစ်ဆင့်ပြန်လည် ရောင်းချဖြန့်ဖြူးကြောင်း သိရှိရသည်။

  စားတော်ပဲဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ဈေးတက်ပြီး အရောင်း အဝယ်ဖြစ်ကြောင်း၊ ကျွန်းစားတော်ပဲ(အသေး)တစ်တင်းလျှင် ကျပ်(၁၀၀၀၀၀)၊ စားတော်ပဲ(လုံးကြီး) တစ်တင်းလျှင် ကျပ်(၉၅၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ ကျွန်းစား တော်ပဲ တစ်တင်းလျှင် ကျပ်(၈၀၀၀၀)၊ စားတော်ပဲ(လုံးကြီး)တစ်တင်းလျှင် ကျပ်(၇၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အတွင်း၌ ပွဲရုံများတွင် နေ့စဉ် (၃၀)ပိဿာဝင်ဆံ့အိတ်(၂၀ မှ ၃၀ ထိ) အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

     ပြည်တွင်းစားသုံးမှုအနေဖြင့် စားတော်ပဲသီးနှံကို နံနက်စာအဖြစ် အထူးပြု၍ နေ့စဉ်စားသုံးသည့် ပဲတစ်မျိုးဖြစ်ကာ တစ်နှစ်ပတ်လုံး အရောင်းအဝယ်ဖြစ်သည့် ပဲတစ်မျိုးလည်းဖြစ်သည်။ ပြည်တွင်း စိုက်ပျိုးမှုအနေဖြင့် စားတော်ပဲကို အခြားသီးနှံများလို သီးထပ်စိုက်ပျိုးခြင်းမရှိ၍ တစ်နှစ်လျှင် တစ်ကြိမ်သာ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးခြင်းကြောင့် သီးနှံထွက်ရှိမှုနည်းပြီး ပြည်တွင်းသုံးစွဲမှု များလျက်ရှိ၍ ယခု လက်ရှိအချိန်တွင် စားတော်ပဲသီးနှံကို ပြည်တွင်းသုံးစွဲမှု မြင့်မားလျက်ရှိခြင်းကြောင့် စားတော်ပဲဈေးမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့ပေါ်ရှိ ပဲရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရသည်။

DOCA(မကွေး)