Main menu

ကန့်ဘလူခရိုင်၏ မန်ကျည်းသီးမှည့်ဈေးနှုန်းဈေးကွက်

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်နေရာအနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျပေါက်ရောက်ကြသည်။ အခြားသီးပင်စားပင်များကဲ့သို့ စိုက်ပျိုးရန်မလိုဘဲ နေအိမ်ခြံဝင်းများအတွင်း၌လည်းကောင်း၊ ယာတောများ၌လည်းကောင်း၊ လယ်တောများ၌လည်းကောင်း ရှင်သန်ကြီးထွားကြသည်။

      မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်းသီးမှည့်ဟူ၍ နှစ်မျိုးရှိသည်။ ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်များမှာ လူကြိုက်များသောကြောင့် အရောင်းအဝယ်ပိုဖြစ်သည်။ အစေ့လွတ်မန်ကျည်းသီးမှည့်ရရှိရန်အတွက် မန်ကျည်းသီးမှည့်အတောင့်များကို  အကြောသင်ခြင်း၊ ထုခြင်း၊ အစေ့အသားခွဲခြားခြင်းတို့ ဆောင်ရွက်ရသည့်အတွက် အစေ့ပါမန်ကျည်းသီးမှည့်ထက် ဈေးပိုရကြောင်းသိရသည်။

     ကန့်ဘလူခရိုင်၌ မန်ကျည်းသီးမှည့်များကိုဝယ်ယူသည့်ပွဲရုံမရှိဘဲ ဒေသတွင်းရှိ အကြော်ဆိုင်များ၊ အကင်ဆိုင်များနှင့် စားသောက်ဆိုင်များမှ မန်ကျည်းမှည့်ဆော့ပြုလုပ်ရန်အတွက် ဝယ်ယူကြကြောင်း၊ အဖျော်ရည်ဆိုင်များမှလည်းအသုံးပြုကြောင်း၊ စားသုံးသူများကလည်း ဝယ်ယူအသုံးလျက်ရှိရာ ယခုအခါ အစေ့လွတ်မန်ကျည်းသီးမှည့်(အဟောင်း) (၁)ပိဿာလျှင် ကျပ်၅၀၀၀မှ ကျပ်၅၅၀၀၊ အစေ့လွတ်မန်ကျည်းသီးမှည့်(အသစ်) (၁)ပိဿာလျှင် ကျပ်၅၅၀၀မှ ကျပ်၆၀၀၀ဖြင့်ရောင်းချလျက်ရှိပြီး ယခင်နှစ်ကာလတူဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက (၁)ပိဿာလျှင် ငွေကျပ်၁၀၀၀ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မန်ကျည်းသီးမှည့်ရောင်းချသည့် လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)