Main menu

ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် မုန်ညှင်းရွက်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြားသောသတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန်ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှုတို့ကိုကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်းသိရသည်။

        ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ကန့်ဘလူမြို့၊ အမှတ် (၅)ရပ်ကွက်တွင် ရာသီအလိုက်အသီးအနှံများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချနေသည့် လုပ်ငန်းရှင် ဦးကျော်၏ မုန့်ညင်းရွက်စိုက်ခင်းသို့သွားရောက်ကွင်းဆင်းလေ့လာခဲ့ရာ ဇူလိုင်လတွင် စတင်စိုက်ပျိုးခဲ့ကြောင်း၊ စိုက်ပျိုးပြီး (၁)လခန့်အကြာတွင် မုန်ညှင်းရွက်များကို စတင်ခူးဆွတ်ရကြောင်း၊ ယခုအခါ  မုန့်ညင်းရွက်များကို ကန့်ဘလူမြို့မဈေးသို့ (၁၂)စည်းပါတစ်ထုံးလျှင် (၂၀၀၀)ကျပ်ဖြင့် လက်ကားရောင်းချပေးပြီး ခြံလက်လီရောင်းဈေးမှာ (၁)စည်းလျှင် (၂၀၀)ကျပ်ဖြစ်ကြောင်း၊ မုန်ညှင်းရွက်သည် စိုက်ပျိုးရလွယ်ကူပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသည့်အတွက် ဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်းသိရှိရပါ သည်။

DOCA(စစ်ကိုင်း)