Main menu

ကန့်ဘလူမြို့၊ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

       ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၉ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်(အငယ်တန်းစာရေး)တို့သည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ဆရာ/ ဆရာမနှင့် ကျောင်းသား/သူ (၈၅)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက ကျောင်းသား/ ကျောင်းသူများ အသိအလိမ္မာနှင့် ပညာဗဟုသုတများရရှိနိုင်စေရေး စာပေဖတ်ရှုကြရန်လိုအပ်ကြောင်း၊ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အိမွန်ကျော်က စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့်တာဝန်(၄)ရပ်ကိုလည်းကောင်း၊ ကုန်စည်များကိုရွေးချယ်ဝယ်ယူအသုံးပြုရာတွင် ကုန်စည်(သို့မဟုတ်) ကုန်စည်ထုပ်ပိုးမှုအပြင်အဆင်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စိစစ်ရွေးချယ်ဝယ်ယူရန်လိုအပ်ကြောင်း၊ စားသုံးသူများသည် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် စားသုံးသူအခွင့်အရေးချိုးဖောက်ခံရပါက သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအပါအဝင် ခရိုင်ဦးစီးမှူးရုံးများရှိ CICC များသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊ DOCA Myanmar Mobile Application တွင်လည်းကောင်း၊ DOCA Facebook Page နှင့် Consumer Call Center 1535 သို့လည်းဆက်သွယ်တိုင်ကြားနိုင်ကြောင်းဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများကို စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)